စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲက စစ်ကော်မရှင်ရဲ့ သစ်ဖုလှစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ကောလင်းခရိုင်တပ်ရင်း၁ က ထုတ်ပြန်လိုက်ပါတယ်။

ကောလင်းမြို့နယ် ကျောက်တန်းလမ်းဆုံအနီးရှိ သစ်ဖုလှဘုရားကုန်းမှာ စစ်ကော်မရှင်တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၀ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဆိုပါစခန်းမှာ စစ်ကော်မရှင်တပ်သား အင်အား ၅၀ ခန့်တပ်စွဲထားပြီး အများအပြားသေဆုံးကာ စခန်းစွန့်ခွာထွက်ပြေးသွားကြပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ကောလင်းခရိုင်တပ်ရင်း (၁/၂/၃/၄/၅)၊ ကောလင်းခရိုင်တိုက်ခိုက်ရေးတပ်ခွဲ၊ ကောလင်းခရိုင်ပကဖ ၊ ကောလင်း/ဝန်းသိုပကဖအဖွဲ့များ၊ ပအဖများနှင့် မဟာမိတ်တပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲဘော်ချစ်ကိုကိုနှင့် ရဲဘော်မဲလေးတို့ ကျဆုံးခဲ့ရပါတယ်။

Video-ကောလင်းခရိုင်တပ်ရင်း၁

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် ပ.က.ဖမှ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်က ဆားလင်းကြီးမြို့မရဲစခန်းနဲ့ စစ်ကော်မရှင်တပ်သားတွေ အထိုင်ချ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲတွေ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူမြို့နယ် ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ပဒဲကျေးရွာအနီး အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ပြန်လည်ဆုတ်ပြေးသွားတယ်လို့ ဝရဇိန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးရိုးမအတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ယောက်သေခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၅) ဗျူဟာထံက သိရပါတယ်။
Read More

ကရင်ပြည်နယ် ထော်မူပလယ်မဲစစ်စခန်းအား ဒရုန်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာ စစ်ဆင်ရေးနယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ ထောက်မူပလယ်မဲစစ်စခန်းအား ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Rebel Bees-UAV Force က ထုတ်ပြန်ခဲ့ပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့အဝင်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျဆုံးတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။