စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်က စစ်ကော်မရှင်တပ်သားတွေ ဆဲဆိုပြီး သီချင်းဆိုနေချိန် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြောင်း မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ည ၇ နာရီလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ ရဲစခန်းထဲမှာ ခရစ္စမတ်အကြို လုပ်နေရင်း ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆဲဆိုပြီး သီချင်းဆိုနေချိန် အဆိုပါ ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ရော လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေကို ၄၀ မမ နဲ့ ပြန်ပစ်တဲ့ ရဲ ၁ ယောက်လည်း ပြောင်းကွဲပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။


“သွားရောက်ပစ်ခတ်ချိန် အခက်အခဲတော့ သိပ်မရှိဘူးဗျ။ စခန်းနဲ့ မီတာ ၈၀၀ ခန့်လောက်ကပေါ့။ မြောင်မြို့ပေါ် စစ်ခွေးတွေ အပြင်မထွက်ဘူး။ တော်လှန်ရေးအဖွဲ့က မြို့ပေါ် ၇၀ ရာခိုင်နှုန်းလောက် စိုးမိုးထားတယ်လို့ ပြောလို့ရတယ်” လို့ T.G.R ဗိုလ်တိုက်ဂါးက မောင်းကိုပြောပါတယ်။

အခုလို ပစ်ခတ်ခံရပြီးနောက် မြောင်ရဲစခန်းရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ရဲတပ်သားတွေဟာ မြို့ထဲရှိ ပြည်သူတွေကို ညနေ ၆ နာရီကနေ မနက် ၆နာရီအတွင်း အပြင်မထွက်ရ အမိန့် ထုတ်ပြန်လိုက်သလို အလှူပွဲတွေလည်း ပေးမလုပ်တော့ဘူးလို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁၊ စစ်ကိုင်းခရိုင် ထုတ်လုပ်ရေးဌာန၊ မြောင်မြို့ မြို့မ တိုက်နယ်ပကဖ ကိုဝေလင်းတို့ ပူပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်း

ဂျပန်နိုင်ငံရောက် မြန်မာတော်လှန်ရေး အင်အားစုတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနကို ဂျပန် ယန်း ၆၇၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၉ ၊ ဧရာဝတီ ဖွဲ့စည်းပြီးစီးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသ ထုတ်ပြန်ကြေငြာ.

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲ ၊ တိုင်းစစ် ဌာန၊ ဧရာဝတီတိုင်း ၊ အမှတ် (၂၉) ဗျူဟာ (တနည်း) AYA PDF (ဧရာဝတီ PDF) ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ AYA PDF အမှတ်(၂၉) ဗျူဟာက ဒီဇင်ဘာ ၂၇ ရက် မနေ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ဘားအံထောင်တွင် နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးကို ထောင်ဝန်ထမ်း ၃၀ နီးပါးက သေဆုံးသည်အထိ ရိုက်နှက်၊ ရောဂါကြောင့် သေဆုံးသည်ဟု လိမ်လည်အကြောင်းပြ

ကရင်ပြည်နယ်၊ ဘားအံအကျဥ်းထောင်မှာ အကျဥ်းထောင်ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာခံရပြီး ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ကိုအောင်နိုင်စိုး (ခ) ကရင်လေးရဲ့ သေဆုံးမှုကို နှလုံးရောဂါနဲ့ သေဆုံးမှုအဖြစ် ထောင်အာဏာပိုင်တွေက လိမ်လည်ထွက်ဆိုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။
Read More

သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ဦး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင်လ (၁၇) ရက်ကနေ (၂၃) ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုကြောင့် (၁၅) နှစ်အရွယ် ကလေး (၂) ယောက် သေဆုံးပြီး နေအိမ် (၅) လုံး ပျက်စီးကာ အရပ်သားလုပ်ငန်းခွင်တွေအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။