ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ပြည်သူတွေကို မဲထည့်ဖို့ ဖိအားပေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ပြီး မဲရုံတွေကို ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့  နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူးထံက သိရပါတယ်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာ၊ အနောက်ဘက်ကမ်းက ခင်တန်းလေးကျေးရွာ၊ ဒိုးတန်းကျေးရွာတွေမှာ မဲရုံတွေတည်ဆောက်ပြီး အနီးအနားကျေးရွာက ပြည်သူတွေကို အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မဲထည့်ဖို့အတွက် ဖိအားပေးတာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ပြည်သူလူထုကို ဖိအားပေးပြီးတော့ မဲထည့်ဖို့ ၁၈ နှစ်ပြည့်ပြီးသူတွေကို မဖြစ်မနေ မဲထည့်ရမယ်၊ မဲမထည့်တဲ့သူကိုရွေးကောက်ပွဲ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်၊ ဖမ်းဆီးသွားမယ်ဆိုတဲ့ ဖိအားတွေပေးမယ်လို့ ကြားသိရတယ်”လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လက်ယာက မောင်းကို ပြောပါတယ်။

ဒါကြောင့် ကာကွယ်ရေးတပ်သားတွေက ဒီဇင်ဘာ ၂၃ ရက် မနက် ၅ နာရီ ၂၀ မိနစ်လောက်မှာ စစ်ကော်မရှင်တပ်သားတွေ အဓိက အထိုင်စခန်းချပြီး မဲရုံတည်ဆောက်ထားတဲ့ ဆွာမကြီးရွာ နဲ့ အဆိုပါကျေးရွာကို အကွာအကွယ်ပေးထားတဲ့ ရွာသစ်ကျေးရွာအထိုင်စခန်းတို့ကို ပစ်မှတ်ထားပြီး တချိန်တည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေ နေရာ ၄ နေရာပေါ့။ စပြီးတော့ ရှင်းလင်းရေးလုပ်တယ်။ အဓိက ဆွာမကြီးရွာမှာရှိတဲ့ မဲရုံကို ဦးတည်တယ်ပေါ။ ကျန်တဲ့နေရာ ၃ နေရာကိုတော့ ကျနော်တို့ဖြန့်ပြီးတော့ အဓိက စစ်စခန်းတွေကို တိုက်တဲ့သဘောပါ။ အဓိက ပစ်မှတ်ကတော့ ဆွာမကြီးရွာပေါ့နော်။ အဲဒီမှာတချိန် တည်း ၄ နာရီတိုက်ခဲ့ကြတာ။ အချိန်ကတော့ မနက် ၅ နာရီ ၂၀ လောက်ကနေ ၁၀ နာရီခွဲလောက်အထိ ဖြစ်သွားတယ်” လို့  ရဲဘော်လက်ယာက ဆက်ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဘက်က ၁၀ ယောက်သေဆုံးခဲ့ပြီး တချို့ကလည်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ဆွာမကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကော်မရှင်တပ်သားတွေရဲ့ အထိုင်စခန်းတချို့နဲ့ မဲရုံနေရာတွေကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း အနောက်ဘက်ကမ်းက စစ်ကော်မရှင်တပ်သားတွေဟာ အရှေ့ဘက်ကမ်းကို စစ်ကူအင်အားအများအပြား ဖြည့်တင်းခဲ့သလို လေယာဉ်ဗုံးကြဲတာတွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ကူတာတွေ လုပ်ခဲ့ပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဆုတ်ခွာလာနိုင်ခဲ့သလို တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက မဲရုံကိုရှင်းလင်းလိုက်တဲ့အတွက် စစ်ကော်မရှင်တပ်သားတွေဟာ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တစ်ခုတည်းသော မဲရုံဖြစ်တဲ့ ဆွာမကြီးကျေးရွာက မဲရုံကို အနောက်ဘက်ကမ်း ရွှေ့ပြောင်းလိုက်တယ်လို့ ဆိုပါတယ်။

Video – ပဲခူးတိုင်းစစ်ဌာန

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းရာ အရာရှိအပါ ၁၀ ယောက်ထက်မနည်း သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အောက်တိုဘာ ၁၂ ရက်ကစတင်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  - LLPDF ထံက သိရပါတယ်။
Read More

ဖယ်ခုံမြို့နယ် မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီးမှု (ရုပ်/သံ)

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအီကျေးရွာအုပ်စု မြောက်စလုံးရွာကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်စီးနေတဲ့ မှတ်တမ်းရုပ်သံကို ပအိုဝ်းဒေသတွင်း မတရားမှုတွေကို ဖော်ထုတ်နေတဲ့ Pa-O LOYWEl Facebook ပေ့ချ်ကနေ ဖော်ပြခဲ့ပါတယ်။ 
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။
Read More

TNLA ထိန်းချုပ်ရာ သီပေါမြို့ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ နေအိမ်အများအပြားပျက်စီး (ရုပ်/သံ)

ရှမ်းပြည်နယ်အတွင်း TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကော်မရှင်က အောက်တိုဘာ ၄ ရက် မနေ့ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ''အကြီးဖြိုဖို့ အသီးလိုတယ်''ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို KPDF နှင့် တပ်ပေါင်းစု ကယ်ထုတ်ဖို့ လုပ်ဆောင်နေစဉ် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ် တောင်လေးလုံးဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စစ် ဘေးရှောင်ပြည်သူတွေကို KPDF နဲ့ တပ်ပေါင်းစုတွေ ကယ်ထုတ်ဖို့ လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ယောက်က လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။