မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က အများအပြား ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ ပေါက်မြို့နယ်အခြေစိုက် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထွက်ခွာလာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းဟာ ဇီးပြားနဲ့ တရော်ကိုင်းပျူစောထီးရွာတွေထဲ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီကတဆင့် စစ်ကြောင်းဟာ ပျဉ်းမ၊ ချောင်းကူး၊ ကျွန်းတိုင်း၊ စသိန်း၊ ဂွေးဂုံ၊ ဂဲပင်အင်း၊ ညောင်ရင်း၊ ဓာတ်တော် ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ရင်း စစ်ရှောင် အရပ်သားတွေရဲ့ ဆန်နဲ့ ကောက်ပဲသီးနှံတွေကို ကားတွေ၊ လှည်းတွေနဲ့ အတင်းအကြပ် တိုက်ယူတာ၊ ရွာမီးရှို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထောင်ထားတဲ့ လျှို့ဝှက်မိုင်းတွေ ထိခိုက်မှုကြောင့် စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၂၃ ယောက်ထက်မနည်း သေဆုံးကာ အယောက် ၃၀ နီးပါး ကိုယ်လက်အင်္ဂါတွေ ထိခိုက်သွားခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ မြိုင်ပကဖ)

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ သေဆုံးသွားသူတွေရဲ့ အလောင်းကို သူတို့စစ်ကြောင်းဝင်ရောက်တဲ့ ကျေးရွာတွေရဲ့ နေအိမ်တွေပေါ်မှာပဲတင်ပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဆီ အလင်းဝင်ရောက်ဖို့ ကြိုးစားသူတွေကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

တန်ပြန်ထိုးစစ်နဲ့ တိုက်ခိုက်နေတဲ့ မြိုင်ပကဖနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြောင့် ထိခိုက်မှုများနေတဲ့ စစ်အုပ်စုဟာ ကပစ ၂၄ထဲကနေ အပြင်မထွက်နိုင်ဘဲ လက်နက်ကြီး ၁၂၀ နဲ့ ၁၂၂ မစ်ဇိုင်းတွေ အဆက်မပြတ် ပစ်ခတ်တာ၊ လေကြောင်းကတဆင့် ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာတွေသုံးပြီး ဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း မြိုင်ပကဖက ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက FPV ဒရုန်းတွေအသုံးပြုပြီး ၈၁မမ၊ ၁၂၀မမ၊ ၆၀မမ ဗုံးသီးတွေနဲ့ နေ့စဥ်မပြတ်တိုက်ခိုက်နေမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်မှာလည်း ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်တွေအပြင် စစ်ရှောင်အရပ်သားတွေလည်း ထိခိုက်မှုတွေရှိနေပြီး ကုသစောင့်ရှောက်မှုတွေပါ လုပ်ဆောင်ပေးနေရကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

ပေါက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ မြိုင်ပကဖ)

မြိုင်ပကဖကတော့ လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းနဲ့အတူ ကပစ ၂၄ ကိုပါ ရရှိဖို့ ကြိုးစားနေကြောင်းနဲ့ သူတို့နဲ့အတူ ပေါက်ပကဖ၊ MAGWAY PDF၊ ပခုက္ကူခရိုင် PDF ရင်း (၁)နဲ့ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေကြကြောင်း၊ သတင်းလုံခြုံမှုအတွက် အရပ်သားတွေရော အားလုံးကပါ နှုတ်လုံဖို့အရေးကြီးကြောင်း ပြောထားပါတယ်။

“အစကတော့ သတင်းမထုတ်ဘူးလို့ နေတာပါ။ မြေပြင်မှာက စစ်ရေးရှုပ်ထွေးနေလို့ပါ။ ဒါပေမယ့် အခုက သတင်းတွေအကုန်ပေါက်နေလို့ ထုတ်ပြန်လိုက်တာပါ။ စစ်ရေးက တောက်လျှောက်တင်းမာနေတာ။ ဂျိုင်ရိုကော်ပတာကလည်း အခေါက်ပေါင်း မရေနိုင်ဘူး။ အထိနာလို့ လုပ်နေတာပါ။” လို့ မြိုင်ပကဖ တာဝန်ရှိသူ ၁ယောက်က မောင်းကို ပြောခဲ့ပါတယ်။

မြိုင်ပကဖနဲ့ တော်လှန်ရေးတပ်တွေအနေနဲ့ စစ်အုပ်စုရဲ့ ကပစ ၂၄ စက်ရုံရှိရာကို သွယ်တန်းထားတဲ့ လျှပ်စစ် မဟာဓာတ်အားတိုင်တွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါသေးတယ်။

ပေါက်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် တော်လှန်ရေးတပ်များ (ဓာတ်ပုံ မြိုင်ပကဖ)
0 Shares:
You May Also Like
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ်၏ နိုင်ငံရေးသင်တန်း

မွန်ပြည်တော်လှန်ရေးတပ်ရဲ့ နိုင်ငံရေးသင်တန်း အမှတ်စဥ် (၁/၂၀၂၅) ကို အောင်မြင်စွာ ပို့ချပြီးစီးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ် အမှတ်- ၃ ခရိုင်ချင်းဆက်လမ်းပေါ် စစ်အုပ်စု ၁၈ကြိမ်ထက်မနည်း ဗုံးကြဲလို့ သံဃာ ၁ ပါးနှင့် လူ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသွားတွေရှိရာ ခရိုင်ချင်းဆက်လမ်းမပေါ်ကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် သံဃာတော် ၁ပါး အပါအဝင်  လူ ၄ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

NUG ရဲ့ စွမ်းဆောင်ရည်တွေကို ပြည်သူလူထုကိုယ်စား ကောင်းစွာအသိအမှတ်ပြုသည်ဟု CRPH က သဝဏ်လွှာပေးပို့

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအတွက် ပြည်သူလူထုကိုယ်စား မိမိတို့အနေဖြင့် ကောင်းစွာ အသိအမှတ်ပြုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သားနဲ့ပျူ ၁၁ယောက်သေ၊ လက်နက်ခဲယမ်းတွေ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ တစ်နေကုန်ဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ပျူစောထီး ၁၁ယောက်သေဆုံးကာ အထိနာသွားခဲ့တယ်လို့ ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် မြို့နယ် ပကဖ မှ လမ်းပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာကို ဇူလိုင်လ ၂၉ ရက်မှာ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က လမ်းခင်းခြင်း၊ လမ်းပြုပြင်ခြင်း စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။