မွန်ပြည်နယ် သိပ်ဇရပ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၂၀၇ တပ်ရင်းနဲ့ အမြောက်တပ် ၃၁၀ တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က အကြမ်းဖက်စစ်တပ်ရဲ့ အထက်ပါတပ်ရင်းတွေထဲကို ၆၀ မမ လက်နက်ကြီးနဲ့ မစ်ဇိုင်းတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ တပ်ရင်းအတွင်းရှိ အကြမ်းဖက်စစ်သားတွေရဲ့ ထိခိုက်မှုကိုတော့ မြေပြင်အခြေအနေအရ မသိရသေးဘူးလို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တပ်မဟာ ၁၊ ရင်း (၃) KNU ဇီးပြောင်းကျေးနယ်ကာကွယ်ရေးအဖွဲ့၊ ဒေါနတပ်ရင်းနဲ့ ပဲခူးခရိုင်လက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Video – ပဲခူးခရိုင် ပကဖ