စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၇ ယောက် သေဆုံးခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းက ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ တိုက်လေယာဉ်နဲ့ ပေါင် ၂၀၀ ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အသက် (၈၀) အရွယ် ဒေါ်သန်းမြ၊ အသက် (၇၅) နှစ်အရွယ် ဒေါ်ကျင်၊ အသက် (၂၅) ခန့်အရွယ် ကိုမင်းသန့်၊ အသက် (၁၄) နှစ်အရွယ် ကလေး ၁ဦး (စစ်ဘေးရှောင်)၊ အသက် (၇) နှစ်အရွယ် ကလေး ၁ ဦး၊ အသက် (၃၅) နှစ်အရွယ် ဒေါ်မာသွယ် (၇နှစ်ခန့် သမီး၏ အမေ)နဲ့ အသက် (၈၀) ကျော် အရွယ် ဒေါ်ခင်တင့် (ဒေါ်မာသွယ်၏ အမေ) စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗုံးဒဏ်ကြောင့် ဘုရားဝန်း၊ နေအိမ် ၄ လုံး၊ နွား ၁ ကောင်းနဲ့ ကား ၃ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ ပြည်သူတွေကို အကြောင်းမဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ Wetlet Informational Network က ထုတ်ပြန်ထားပါတယ်။

Video – Wetlet Informational Network

0 Shares:
You May Also Like
Read More

Pakokku People Defense Force မှ ထုတ်ပြန်သည့် စက်တပ်လေထီး သိမ်းဆည်းရရှိမှု ရုပ်သံဖိုင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးလာကြဲတဲ့ စက်တပ်လေထီးယာဉ် ၁ စီးကို သိမ်းဆည်းရရှိခဲ့တဲ့ ရုပ်သံဖိုင်ကို Pakokku People Defense Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ရှင်းထုတ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင် စီတပ်သားတွေကို တိုက်ခိုက်ရှင်းထုတ်ခဲ့တယ်လို့ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ယမနေရွာက စစ်တပ်အထိုင်စခန်း ဒရုန်းနဲ့ ဗုံးသီးကြဲခံရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယမနေရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဇန်နဝါရီ ၂ ရက် မနေ့ညပိုင်းက ကန့်ဘလူခရိုင်တပ်ရင်း ၄ က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်မြို့ ဘတ်စ်ကားပေါ်မှာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်ရေးဆက်လက်ပါဝင်ကြဖို့ လှုံ့ဆော်ဟောပြော (ရုပ်/သံ)

ယနေ့ကျရောက်တဲ့ (၁၃၅) ကြိမ်မြောက် မေဒေးနေ့မှာ ရန်ကုန်မြို့မှာ YBS ဘတ်စကားပေါ်မှာ Youths Union - Center လူငယ်များသမဂ္ဂ- ဗဟို က ဦးဆောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေ မှုန်းရေး ဆက်လက်ပါဝင်တိုက်ပွဲပေးကြဖို့ တိုက်တွန်းလှု့ဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြို့သိမ်းတိုက်ပွဲတွေအတွက် အဓိကရည်ရွယ်တဲ့ End Point ကမ်ပိန်းကို တစ်လ ထပ်တိုးသတ်မှတ် (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းကို သတ်မှတ်ကာလ တစ်လ ထပ်တိုးသတ်မှတ်ထားတယ်လို့ MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြည်သူတွေထံ အသိပေးလာပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားပြီဖြစ်သည့် မင်းတပ်မြို့မှာ ပြန်လည်နေထိုင်မယ့် ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန် ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးပေး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို တော်လှန်ရေးတပ်တွေ အလုံးစုံထိန်းချုပ်ပြီးတဲ့နောက် ပြန်လည်နေထိုင်ကြမယ့် ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ခွေးနဲ့ ကြောင်တွေကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကာကွယ်ဆေးထိုးနှံပေးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။