မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစလို့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ် ရှိခဲ့ပြီး စစ်တပ်ခြေကုပ်ယူထားတဲ့ ကျေးရွာ ၁ ရွာနဲ့ စိုးမိုးကုန်း ၁ ခုကို သုံ့ပန်းတွေနဲ့အတူ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇) ရက်ကနေ ဒီဇင်ဘာလ (၂၄) ရက်အထိ မိုးကုတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာမှာ တိုက်ပွဲကြီး (၆) ကြိမ်နဲ့ တိုက်ပွဲငယ် (၉) ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေထဲ အကြမ်းဖက်စစ်ကော်မရှင်ဘက်က မျက်မြင် (၁၈) ယောက် သေဆုံးကာ စစ်သုံ့ပန်း (၃) ယောက်ကို လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ခြေကုတ်ယူထားတဲ့ ကျေးရွာ (၁) ရွာနဲ့ စိုးမိုးကုန်း (၁) ခုကိုလည်း PDF တပ်တွေ ထပ်မံသိမ်းပိုက် ရရှိခဲ့ပါသေးတယ်။

မိုးကုတ်တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများ

အကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးတွေဖော်ဆောင်ပြီး အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေတာကြောင့် အခုလို စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိနေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်ထဲ ကျူးကျော်ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်အင်အားတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေက  ဆက်လက်တိုက်ခိုက်နေတယ်လို့လည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း TNLA နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်တို့ဟာ တရုတ်ရဲ့ ကြားဝင်ဖိအားပေးမှုနဲ့ စစ်အုပ်စုထံ လက်လွှတ်ထားရတဲ့ မြို့တွေဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပဲခူးတိုင်းက ရေဘေးသင့်ပြည်သူတွေအတွက် NUG ဝန်ကြီးဌာနက ကူညီထောက်ပံ့ခဲ့ (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမျိူးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီး တကိုယ်ရည် သန့်စင်သုံးပစ္စည်းတွေ၊ ကလေးငယ်တွေအတွက် စားစရာ အာဟာရတွေနဲ့ လိုအပ်တာတွေကို ပေးဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းပြည်နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းမှ စစ်မှုထမ်းဆင်း စစ်သား ၁၁ ဦး သေနတ် ၈ လက်၊ ခဲယမ်းများနှင့် အလင်းဝင်လာ

ချင်းပြည်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁၁ ယောက်က သေနတ် ၈ လက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျား UG အဖွဲ့ဆီက သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ကြေးနီသယ်ဆောင်လာတဲ့ ယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မနေ့က ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းလောက်မှာ ကြေးနီတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်းနဲ့အတူ လုံခြုံရေး လိုက်ပါလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲက မောင်းကို အတည်ပြုပြောဆိုပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာမရှိဘူးလို့ မုံရွာခရိုင် တပ်ရင်း (၂) ထုတ်ပြန်…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂) - အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစု က စိုးမိုးနယ်မြေအတွင်း အခွန်ကောက်ခံတာ လုံးဝမရှိဘူးလို့ ထုတ်ပြန်လာပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။