တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မိုင်ခရိုဝေ့တောင်ပေါ်ကို သွားရောက်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် အကြမ်းဖက်စစ်တပ်ဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် မနေ့က မနက်ပိုင်းမှာ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာက မိုင်ခရိုဝေ့တောင်ပေါ် တပ်စွဲထားတဲ့ စစ်အုပ်စုတွေနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တို့ မိနစ်၂၀ ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မနက် ၁၀ နာရီအချိန်လောက်မှာ ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ ခုခံမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

“ဘယ်တပ်ကကောင်တွေလဲတော့ အတိအကျ မသိရဘူး။ သူတို့က လှေနဲ့ အင်အားတွေလာလာပို့တာ။ အင်အားက ၁၅ယောက်လောက်ရှိတာကို ဝင်ပစ်ခဲ့တာပါ။ လက်နက်တော့မရခဲ့ပါဘူး။” လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ ( L.L.S.B.F) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာ တပ်ဖွဲ့ဝင်များ

အဆိုပါပစ်ခတ်မှုထဲ စစ်အုပ်စုဘက်က ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် ၃ ယောက် သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၄ ယောက် ရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိအခြေအနေအရ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေရှိနေပြီး ဒေသခံတွေ စစ်ရှောင်ရတာမျိုးလည်း ရှိနေပါတယ်။

လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ကတော့ စစ်ရေးအရှိန်မြှင့်နေတဲ့ လက်ရှိအချိန်မှာ အရပ်သားတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်သူ မောက်ခမ်းဝါကို အရေးယူရန် ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းများ တောင်းဆိုထား

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်ခဲ့တဲ့ လူသိများတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်၊ ဓာတ်ပုံဆရာတစ်ယောက်လည်းဖြစ်တဲ့ မောက်ခမ်းဝါ (ခေါ်) မင်းသူကျော်ကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဥပဒေတွေနဲ့ စံနမူနာပြု အရေးယူပေးဖို့ ဂျန်ဒါတရားမျှတရေးဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်တောင်းဆိုထားပါတယ်။
Read More

ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အဘွားအို ၁ ဦးသေဆုံးပြီး မိန်းကလေးငယ် ၁ ဦး ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်ကျန် စစ်တပ်စခန်း ၃ ခု ကို KIA သိမ်းပိုက်နိုင်ခဲ့လို့ မံစီမှာ စစ်ကောင်စီ ကင်းစင်ပြီ၊ ဗန်းမော်မြို့ကို KIA ဆက်လက်ထိုးစစ်ဆင်နေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ ဇန်နဝါရီ ၈ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာတေဇာဆန်းနဲ့ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း ရဲဘော်တွေရဲ့ ရေနွေးကြမ်းစကားဝိုင်း…

စစ်ကိုင်းတိုင်းအခြေစိုက် မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (Aung San Force) ရဲဘော်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း တို့ အညာဒေသ တစ်နေရာမှာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။