မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ထဲက အရပ်ခေါ် နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၈ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂) ကနေ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၂၉ ရက်၊ မနက် ၅ နာရီခွဲအချိန်မှာ ပြည်သူတွေကို ပေါ်တာဆွဲတာတွေ၊ အသွားအလာကန့်သတ်တာတွေ၊ အဓမ္မ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့ နတ်မောက်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“နတ်မောက်ဂိတ်မှာက အင်အား ၂၅ဦးလောက်ရှိတယ်။ တိုက်ပွဲဖြစ်ချိန်က ၂၅ မိနစ်လောက်ကြာတယ်။ နတ်မောက်ဂိတ်က အောင်လံနဲ့ ပဲခူးတိုင်းအစပ် အောင်လံမြို့နယ်ပိုင်ထဲမှာပါ“ လို့ ပြည်ခရိုင်တပ်ရင်း (၂) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်တပ်ဘက်က ၈ ယောက် သေဆုံးခဲ့ပြီး စစ်တပ်ရဲ့ စခန်းမျှော်စင်နဲ့ ကင်းတဲတို့ကို မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၁) ဗျူဟာ၊ ပြည်ခရိုင်တပ်ရင်း (၂)နဲ့ သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် တပ်ရင်း (၂) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၃၀ ရက် ည ၁၁ နာရီအချိန်မှာ အောင်လံမြို့နယ်၊ ဇေယျဝတီရပ်ကွက် ဘုရား ၅ ဆူထောင့်ရှိ စစ်တပ်ရဲ့ ကင်းပုန်းကို ၄၀ မမ ဗုံးသီး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက် မနက် ၈ နာရီအချိန်မှာလည်း စစ်ချောင်းကွက်သစ်ထောင့်ရှိ ပျူစောထီးတွေ ကင်းစောင့်ပေးနေတဲ့ လောင်းကစားဝိုင်းကို ၄၀ မမ ဗုံးသီး ၃လုံးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက် စစ်ခေါင်းဆောင် ပြည်မြို့ကိုရောက်ရှိနေချိန် ဒီဇင်ဘာလ ၂၀ ရက် မနက် ၇ နာရီအချိန်မှာလည်း တရားမဝင် ရွေးကောက်ပွဲကို သတိပေးတဲ့အနေနဲ့ ပြည်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၃)၊ သရက်ခရိုင် တပ်ရင်း (၂) ပူးပေါင်းအဖွဲ့တွေက ပေါက်ခေါင်းမြို့နယ်၊ မြို့မရဲစခန်းရှေ့ကို မိုင်း (၂) လုံး ဖောက်ခွဲ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြည်ခရိုင် တရင်း (၂) က သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

ရန်ကုန်တိုင်းက ခရိုင် ၄ ခုလုံး ၁ ရက်ကို ၈ နာရီ မီးဖြတ်ခံရမယ်

ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ခရိုင် ၄ လုံးမှာ တစ်ရက်ကို ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရခဲ့ကြောင်း နယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီက အရပ်သားတွေကို လူမဆန်စွာ လိုက်သတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အကြမ်းဖက်စစ်ရှုံးကောင်စီက ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ရက်ရက်စက်စက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။