မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်က နတ်မောက်မြို့တောင်ဘက် မြို့အဝင်ဂိတ်နဲ့ ၃ ဖာလုံအကွာမှာရှိတဲ့ နတ်မောက်-စိုင်းကောင်းလမ်းပိုင်းမှာ ကင်းပုန်းလာဝပ်တဲ့ အကြမ်းဖက်စစ်သားတွေကို လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း နတ်‌မောက်မြို့ကနေ အကြမ်းဖက်စစ်သားတွေ စစ်ကူရောက်လာပြီး တိုက်ပွဲ ၁ နာရီခွဲခန့်ဖြစ်ပွါးခဲ့ကာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ငါးပြေမပြောက်ကျားတပ်ဖွဲ့မှာ လက်နက်ခဲယမ်းဝယ်ယူဖြည့်တင်းနိုင်ရေးအတွက်  “ငါးကလေးများ နတ်မောက်မြေမှာကူးခတ်မယ်”ကမ်ပိန်းပြုလုပ်ထားပြီး တော်လှန်မိဘပြည်သူတွေ ကမ်ပိန်းအောင်မြင်နိုင်ရေး ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Video – ငါးပြေမ ပြောက်ကျားတပ်ဖွဲ့

0 Shares:
You May Also Like
Read More

Popa Guerilla Force (PGF) တပ်ဖွဲ့ အပတ်စဉ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ အောင်မြင်စွာ ကျင်းပပြီးစီး (ရုပ်/သံ)

Popa Guerilla Force (PGF) တပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄) သင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၄ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ-ချောင်းဦးအစပ် ဆီးမီးသပိတ် စက်တပ်လေထီးဖြင့် ဗုံးသီးကြဲချခံရမှုအတွင်း သေဆုံးသူ ၂၀ ကျော်နှင့် ဒဏ်ရာရသူ ၄၀ ကျော်အထိ ရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးအစပ်မှာ ပြုလုပ်နေတဲ့ ဆီမီးသပိတ်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အယောက် ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်အထိ ရှိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

ပင်လုံမြို့မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ဈေးအရှေ့ဘက် အမှတ် ၁ ရပ်ကွက် ပညာတံခွန်လမ်းမှာ နေအိမ်မီးလောင်မှုဖြစ်ပွားရာ လူ ၃ ယောက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထန်းတပင်မြို့နယ် ဘုမ္မတီးရွာသစ်တွင် တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ် အထိနာကာ ဆုတ်ခွာထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဘုမ္မတီးရွာသစ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ် မြပုလဲအထိုင်ဂိတ်က စစ်သားတွေ မိုင်းဆွဲခံရပြီး ဗိုလ် ၁ ယောက်အပါ ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲအထိုင်ဂိတ်မှာ လမ်းကင်းယူဖို့ ရှင်းလင်းရေးလုပ်​ေနေတဲ့ အကြမ်းဖက်စစ်သားတွေကို  နိုဝင်ဘာ ၃ ရက်က M18 မိုင်း ၃ လုံး ၂ ပွိုင့်နဲ့ ဖောက်ခွဲတိုက် ခိုက်ခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

ကျုံဒိုးမြို့စစ်ဆင်ရေး ထိုးစစ်ဆင်လာတဲ့ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံ Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။