မကွေးတိုင်း၊ အောင်လံမြို့နယ် စစ်တပ်ရဲ့ နတ်မောက်ဂိတ်စခန်းကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက် သေဆုံးခဲ့တယ်လို့ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက အောင်လံမြို့နယ် ရွှေပန်းတောတိုက်နယ်ရှိ ပြည်သူတွေကို ဒုက္ခပေးနေတဲ့ နတ်မောက်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဂိတ်စခန်းရှိ အကြမ်းဖက်စစ်သား ၈ ယောက်သေဆုံးပြီး စခန်းမျှော်စင်နဲ့ ကင်းတဲတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုပြည်ခရိုင် တပ်ရင်း (၂) နဲ့ သရက်ခရိုင် စစ်ဌာန၊ သရက်ခရိုင် တပ်ရင်း (၂) က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးများ PLA ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူလာပေးရင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  (PLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပြည်သူများ လယ်ယာရိတ်သိမ်းနေချိန် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့ ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပန်းရံပျူစခန်းနဲ့ သီလုံးပျူစခန်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်တပ်က တစ်ရက်တည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်၊ ကိုရင် ၁ ပါးနှင့် အမျိုးသမီးကြီး ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်ကွမ်ကျေးရွာနဲ့ ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ပြည်သူလူထု ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ ယင်းမာပင်ခရိုင်တပ်ရင်း ၆ ရဲဘော်တွေကို ဒီဇင်ဘာ ၂၂ ရက်မှာ ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။