ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၈) ထံ အကြမ်းဖက်စစ်တပ်က စစ်သား ၃ယောက် အလင်းဝင်လာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့က ထုတ်ပြန်ပါတယ်။

မိမိစိတ်ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ အကြမ်းဖက်စစ်တပ် ခလရ-၇၅ က တပ်သား စိုင်းထက်ဝေ (၂၇နှစ်)၊ လင်းထက်မိုး (၂၃နှစ်) နဲ့ သက်မောင် (၃၀နှစ်) တို့ ၃ယောက်ဟာ ဒီဇင်ဘာ ၂၁ ရက်မှာ လက်နက်ချ ဘက်ပြောင်းခိုလှုံလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းတွင် ဆက်ကြေးကောက်ငွေညှစ်နေသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ABSDF ကို နာဂိုယာသင်္ကြန်ပွဲတော်မှ ရရှိလာသည့် ထောက်ပို့ငွေပေးအပ်ပွဲနှင့် မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ ပြုလုပ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF (မကဒတ) ကို ၂၇ ကြိမ်မြောက် နာဂိုယာင်္သကြန်ပွဲတော်ကနေ ရရှိလာတဲ့ ထောက်ပို့ငွေ ပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေတွေအပေါ် အမြင်ဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို ဩဂုတ်လ ၃၁ ရက်မှာ အွန်လိုင်းကတဆင့် ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။
Read More

မြင်းမူမြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force M.N.R.F အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဝန်းသိုမြို့က စစ်ဘေးရှောင်များအတွက် အရေးတကြီး လိုအပ်နေသည့် အကူအညီများ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ အကြမ်းဖက်စစ်အုပ်စုကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံလူထုအတွက် အရေးတကြီး လိုအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ပြီးခဲ့တဲ့ဩဂုတ်လထဲမှာ ထောက်ပံ့ကူညီခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကိုထိန်လင်း၏ နယူးယောက်နှင့် ဘော်စတွန် ခရီးစဉ်ကနေ ထောက်ပံ့ငွေ ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိ၊ မြန်မာပြည်တွင်းရှိ လိုအပ်နေသည့်နေရာများကို ထောက်ပံ့သွားမည်…

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။