မကွေးတိုင်း ပေါက်မြို့နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့စစ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်တယ်လို့ People’s Democratic Army က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းမှာ ပေါက်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၁၀ ရက်မှာ တစ်ကြိမ်၊ ဒီဇင်ဘာ ၁၆ ရက်မှာ တစ်ကြိမ်နဲ့ ဒီဇင်ဘာ ၂၀ ရက်မှာ တစ်ကြိမ် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၁၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး  ပြည်သူ့စစ် ၁ ယောက် MA-4 သေနတ် ၁ လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးခဲ့ပြီး  မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF) က ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ပြည်သူ့တော်လှန်ရေး ရဲဘော် ၅ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပခုက္ကူ) (BORDERLESS)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrilla Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)နဲ့ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – People’s Democratic Army

0 Shares:
You May Also Like
Read More

ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်၊ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံး (ရုပ်/သံ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ အသက် (၆)နှစ်အရွယ်မှ အသက် (၁၂) အရွယ် ကလေး ၅ ‌ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပျဉ်းမပင်ဆိပ်ရွာကို စစ်ကော် မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနှင့် တွဲတွန်းသင်္ဘောအုပ်စုကို မိုင်းဖောက်ခွဲပြီး လက်နက်ငယ်များ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောနဲ့ တွဲတွန်းသင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းတွေ ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတွေ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၂၁ ရက် မနေ့က နေ့လည်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက်သေသွားတယ်လို့ ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကြောင်းထိုးမယ့် စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ-အရာတော်လမ်းပိုင်းက ရသေ့ကျောင်းအနီး စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။