ရှေ့တန်းစစ်မြေပြင်တစ်နေရာမှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေဟာ ကျည်ကာမလုံလောက်တဲ့အတွက် ရှိတဲ့ကျည်ကာကို တစ်လှည့်စီဝတ်ကာ တိုက်ပွဲဝင်နေကြရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားတွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေတဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို SSNDF / KNDF B-101 က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားတာပါ။

တော်လှန်ရေးရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ဘေးကင်းစေဖို့နဲ့ ထိခိုက်မှုလျှော့ချနိုင်ဖို့ ကျည်ကာပြား၊ ကျည်ကာအင်္ကျီနဲ့ ကျည်ကာဦးထုပ်တွေ လိုအပ်နေပြီး SSNDF / KNDF B-101 က ” ကူ ၊ ကာ ၊ ကယ် ” ကမ်ပိန်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရဲဘော်တွေရဲ့ အသက်ပေါင်းများကို ကာကွယ်ပေးနိုင်ဖို့ ထောက်ပို့ပြည်သူတွေအနေနဲ့ ပါဝင်အား ဖြည့်ပေးကြဖို့ SSNDF / KNDF B-101 တိုက်တွန်းနှိုးဆော်ထားပါတယ်။

Video – SSNDF / KNDF B-101

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း စစ်ကော်မရှင်ကပ်ထားသည့် မဲစာရင်းများကို မီးရှို့ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းကျေးရွာမှာ ကပ်ထားတဲ့ မဲစာရင်းတွေကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ PDF ရဲဘော်များ လုံခြုံရေးစစ်ဆေးဆောင်ရွက် (ရုပ်/သံ)

ပဲခူးတိုင်း ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၃ တပ်ဖွဲ့ဝင်တွေက ဒီနေ့ မတ်လ ၂၇ ရက် မနက်ပိုင်းမှာ လုံခြုံရေးစစ်ဆေးဆောင်ရွက်နေတဲ့ ရုပ်သံဖိုင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
Read More

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် CDM ဆရာမ သေဆုံး၊ (၄)နှစ်အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်၊ အင်္ဂါးကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကိုယ်ဝန်ဆောင် CDM ဆရာမ ၁ ယောက်သေဆုံးခဲ့ပြီး အသက် (၄) နှစ်အရွယ် ကလေးငယ် ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF စစ်ရေးချုပ် ခူးရီးဒူ၏ ရဲဘော်တွေထံ ညွန်ကြားချက် (ရုပ်/သံ)

"တော်လှန်ရေးမှာ တာဝန်အကျေဆုံးက လူထုပဲ၊ မင်း ဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေဆုံးပဲ၊ လူထုထက်တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး၊ သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါ မင်းတို့ငါတို့"
Read More

(၇၈) နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ အမှတ်တရစကား (ရုပ်/သံ)

''ပင်လုံစာချုပ်ဟာ မြန်မာသမိုင်းတစ်လျှောက်မှာ ဖက်ဒရယ်မူတွေကို အစပြုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရ ပင်လုံစာချုပ် ချုပ်ဆိုမယ့် ရက်မတိုင်မီ သက်ဆိုင်ရာတိုင်းရင်းသားအလိုက် ဆွေး‌နွေးပွဲတွေ လုပ်ကြပြီး လိုအင်ဆန္ဒနဲ့ မျှော်ရည်ချက်တွေကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖော်ထုတ်ခဲ့ကြပါတယ်။ ပင်လုံစာချုပ်ချုပ်ဆိုပွဲကို ကမကထပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့လို ခေါင်းဆောင်များကလည်း တာဝန်ခံမှုအပြည့်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒါကြောင့် ပင်လုံစာချုပ်ဟာ တိုင်းရင်းသားအားလုံးအတွက် ဖက်ဒရယ်ရေသောက်မြစ်ကြီးဖြစ်ခဲ့ပါတယ်''