အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း Billboard တွေကို မုံရွာ-ဘုတလင် ကားလမ်းမပေါ်နဲ့ ဘုတလင်မြို့အနီးမှာ သွားရောက်စိုက်ထူခဲ့ကြောင်း ဘုတလင်မြို့နယ် သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲအတု လက်မခံကြောင်း အဆိုပါ လှုပ်ရှားမှုကို ဘုတလင်မြို့နယ် သပိတ်အင်အားစုနဲ့ ဘုတလင်မြို့နယ် ဒေါင်းရာဇာ ပင်မ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။