ဒီလကုန်ပိုင်းမှာ ပြုလုပ်ဖို့လျာထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို လေ့လာသူတယောက် စေလွှတ်ဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ဒီဇင်ဘာလ ၁၉ ရက်မှာ ပြောဆိုထားပါတယ်။

သောကြာနေ့က တိုကျိုမြို့မှာ NHK သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတခုမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ဝန်ကြီး Sihasak က “လက်ရှိအခြေအနေတွေအရ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲတခုတော့ ဖြစ်လာမှာမဟုတ်ပေမယ့် ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုအချို့အတွက် အစပျိုးချက်တခု ဖြစ်လာနိုင်ပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီရွေးကောက်ပွဲကနေတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆီ ဦးတည်သွားမှာကို ထိုင်းအနေနဲ့ မြင်တွေ့လိုကြောင်းလည်း သူက ဆက်ပြောပါတယ်။

ဒီမိုကရေစီလိုလားတဲ့ အစုအဖွဲ့တွေကို ချန်လှပ်ပြီး ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေကို အသိအမှတ်ပြု ထောက်ခံရာရောက်မှာကို စိုးရိမ်တာကြောင့် အာဆီယံအနေနဲ့ကတော့ လေ့လာသူတွေ စေလွှတ်ခြင်းမလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow (ဓာတ်ပုံ NHK)



ထိုင်းနိုင်ငံအနေနဲ့ လေ့လာသူစေလွှတ်တာက ရွေးကောက်ပွဲကို တရားဝင်ဖြစ်စေဖို့ ရည်ရွယ်ခြင်းမဟုတ်ဘဲ မြန်မာနဲ့ ဆက်လက်ထိတွေ့ဆက်ဆံသွားဖို့သာ ဖြစ်ကြောင်း Sihasak က ဆိုပါတယ်။

တဆက်တည်းမှာပဲ Sihasak က ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။

ပဋိပက္ခနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားဘက်က သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိပေမယ့် “ကမ္ဘောဒီးယားဘက်က အပစ်ရပ်ဖို့ အရင်ဆုံး စတင်တောင်းဆိုရလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ သူက ပြောပါတယ်။

ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းဘက်ကသာ ငြိမ်းချမ်းရေးစာချုပ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲထားပါတယ်။

မူရင်းသတင်း – Thai foreign minister: Thailand plans to send election observer to Myanmar

0 Shares:
You May Also Like
Read More

စစ်ကောင်စီအတွက် နောက်ဆုံးနေရာဟာ ရာဇဝတ်သားတွေအဖြစ် တရားရုံးရှေ့မှောက်သာ ဖြစ်သင့်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာကို အသိပေး

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် နောက်ဆုံးနေရာအဖြစ် တရားရုံးနဲ့ ခုံရုံးရှေ့မှောက်ကိုသာ အရောက်ပို့ရမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

ထရမ့်ရဲ့ အခွန်တိုးကောက်ကြောင်း ပေးပို့စာဟာ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင်အတွက် အကောင်းဆုံးသတင်းစကား ဖြစ်နေပြီး၊ ၄င်းရဲ့ တုန့်ပြန်မှုက နိုင်ငံတကာမှာ ဟာသသဖွယ် ဖြစ်နေ

ကမ္ဘာ့ခေါင်းဆောင်အများစုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဆီက ပေးပို့လာတဲ့ အခွန်တိုးမြှင့် ကောက်ခံစာတွေဟာ ခေါင်းကိုက်စရာ ဖြစ်နေတာကတော့ အမှန်ပါ။
Read More

အကြမ်းဖက်စစ်အုပ်စု အသုံးတော်ခံ လက်နက်ပွဲစားနှင့် လုပ်ငန်းအချို့ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ ပယ်ဖျက်

အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့ထားတဲ့ အကြမ်းဖက်စစ်အုပ်စုအသုံးတော်ခံ ခရိုနီတွေဖြစ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၄ ယောက်နဲ့ ကုမ္ပဏီ ၃ ခုကို စီးပွားရေးပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်လိုက်‌ကြောင်း ဇူလိုင်လ ၂၄ ရက် မနေ့က ထုတ်ပြန်ထားတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။