ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၂၂) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၃ လတာကြာမြင့်တဲ့ အဆိုပါသင်တန်းအတွင်း ကိုယ်စီပညာရပ်၊ ကိုယ်ကာယ နဲ့ စိတ်ဓာတ်ကြံ့ခိုင်ရေးသင်ခန်းစာ၊ နိုင်ငံရေးသင်ခန်းစာ၊ ဆက်သွယ်ရေးသင်ခန်းစာ၊ အခြေခံ ဆေးပညာရပ်၊ မိုင်းပညာရပ် စတာတွေကို သင်ကြားခဲ့ကြတယ်လို့လည်း သိရပါတယ်။
သာယာဝတီခရိုင်ထဲမှာ ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို အစီအစဉ် ၉ ရပ်နဲ့ ကျင်းပခဲ့ပြီး အခမ်းအနားကို နည်းဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ တာဝန်ရှိသူများ၊ ပကဖ တာဝန်ခံများ နဲ့ မဟာမိတ်အဖွဲ့အစည်းများမှ တပ်မှူး တာဝန်ခံများ တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ ပဲခူးရိုးမ Pdf-ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ ပဲခူးရိုးမ Pdf-ဗျူဟာ ၂၂) 







