အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှကြီးမှူးကျင်းပသော အပတ်စဥ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်က ပုလောမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ အလံတော်နဲ့ ကျဆုံးရဲဘော်တွေကို အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးက ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပေးပို့လာတဲ့ သဝဏ်လွှာကို ဖတ်ကြားခြင်း၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ပေးပို့လာတဲ့သဝဏ်လွှာကို ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခြင်း၊ ဆုရရဲဘော်တွေကို ဆုချီးမြှင့်ခြင်းနဲ့ အခမ်းအနား တက်ရောက်လာတဲ့ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေနဲ့ သင်တန်းဆင်းရဲဘော်တွေ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မတရား ပေါ်တာဆွဲခံရသူ အတူနေ ရဲကိုသတ်၊ သေနတ်ယူကာ အလင်းဝင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ မတရား ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသူဟာ သူနဲ့အတူနေထိုင်တဲ့ ရဲကို သတ်ပြီး သေနတ်လုယူကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း၊ ၃၈၀၁ ထံက သိရပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် လူသတ် မီးရှို့ ခိုးယူနေသည့် ရေစကြိုတွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်​တပ်က ရေလယ်ကျွန်းဒေသနဲ့ ပခုက္ကူ-မန္တလေးလမ်းဘေးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ၁၁ ယောက်ကို သတ်ဖြတ်ထားခဲ့ကြောင်း သိရပါတယ်။
Read More

ဧပြီလအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် အရပ်သား ၉၆ ဦး သေဆုံးခဲ့၊ ၇၂ ဦးက လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ဟု ဆို

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၉၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဗမာ့တပ်တော်၏ အခြေခံစစ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော် (Bamar Army) ဟာ အမှတ်(၁) စစ်ဦးစီးကွပ်ကဲရေးဒေသမှာ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၃/၂၀၂၅)၊ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ဗမာ့တပ်တော်က ဒီနေ့မှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။