စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဆေးကြောင်ပြီး ထွက်ပြေးလာတဲ့ စစ်သားတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မနေ့ ညနေပိုင်းလောက်မှာ အဆိုပါ စစ်သားက ကာကွယ််ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေထဲ ရောက်ရှိလာတဲ့အတွက် ဖမ်းဆိးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုတွေ ပြလုပ်နေတယ်လို့ သိရပါတယ်။

“ဆေးသုံးတာများပြီးတော့ ကြောင်ပျောက်ပြီးတော ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးနယ်မြေထဲကို ရောက်လာတယ်။ အဲ့အချိန်မှာ ကျနော်တို့နဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဖမ်းဆီးထားလိုက်တယ်။ ကျနော်ကတော့ ဆေးအကြောင်း နားမလည်ဘူး။ သူထိုးဆေးသုံးထားတယ်။ လက်မှာ အပ်ရာတော့ရှိတယ်။ သူကိုယ်တိုင်ကလည်း ဖြေထားတယ်။ ဆေးအလွန်အကျွံ သုံးစွဲထားတယ်ပေါ့။ ဒီအပေါ်မှာလည်း ဖြေကြားထားတာရှိတယ်” လို့ တပ်ပေါင်းစုစစ်ကြောင်း တာဝန်ရှိသူက ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း ချောင်းဦးနယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး စစ်ကော်မရှင်တပ်သားတစ်ယောက်ကို ဒဏ်ရာတွေနဲ့ အရှင်ဖမ်းမိပေမယ့် သွေးထွက်လွန်ပြီး သေသွားခဲ့ပါတယ်။

ဖမ်းဆီးရမိထားသည့် စစ်သား

“ကင်းမှာ တပ်စိတ်တစ်စိပ်လောက် စစ်ကြောင်းထိုးလာတဲ့ အနေအထားနဲ့ ထွက်လာတော့ ထိတွေ့မှုဖြစ်တယ်။ အဲ့မှာ ဒဏ်ရာရသွားတယ်။ သူ (စစ်ကော်မရှင်တပ်သား) က သွေးထွက်လွန်ပြီး ဆုံးသွားတာ။ သူ့လက်ထဲမှာလည်း ဆေးလေးတွေ အနည်းအကျဥ်း သိမ်းဆည်းရမိထားတာရှိတယ်။ အဖြူလေးတွေ ဘိန်းလို့တော့ ပြောကြတာပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

ချောင်းဦးမြို့နယ်ထဲက ကာကွယ်ရေးတပ်သားတွေ နယ်မြေစိုးမိုးထားတဲ့နေရာကို ပြန်လည်အရယူဖို့ အတွက် ဒီဇင်ဘာ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေက မုံရွာနမခကနေ မော်တော်ယာဉ်အပြင် အမြန်ယာဉ်တွေနဲ့ပါ စစ်ကြောင်းထိုးလာပြီး ကာကွယ်ရေးတပ်သားတွေနဲ့ အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

နိုင်ငံအဝန်း မြို့ပေါင်း ၉၀ ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထား

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီဒေသထဲ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ် ကိုင်ဆောင်ရမည်

ကရင်နီဒေသထဲမှာ ဖြတ်သန်းသွားလာနိုင်ဖို့ ခရီးသွားလာခွင့်ကတ်ရှိဖို့ လိုအပ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကိုင်း ငလျင်ကြီး လှုပ်ခတ်မှု ၅ လကျော်လာချိန် Sky Villa အတွင်းမှ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးဟာ ၅ လကျော်လာချိန် စက်တင်ဘာ ၈ ရက် ဒီနေ့မှာ မန္တလေးမြို့ရှိ Sky Villa အဆောက်အအုံကနေ ရုပ်အလောင်း ၁ လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်တဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်ဘူးဟု စစ်ရှုံးနေသည့် အကြမ်းဖက် မင်းအောင်လှိုင် ဆိုပြန်

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကိုင် အကြမ်းဖက်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။