ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
အဆိုပါတပ်သားဟာ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်အတွင်း အလုပ်ကပြန်လာစဉ် အကြမ်းဖက်စစ်အုပ်စုရဲ့ အဓမ္မပေါ်တာဆွဲကာ တပ်သားသစ်စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အလင်းဝင်ရောက်လာပြီးနောက် အကြမ်းဖက်စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး အခြားစစ်မှုထမ်းတပ်သားတွေလည်း ဘက်ပြောင်းအလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
Video – လက်ပံတန်းမြို့နယ် ပ က ဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့