အကြမ်းဖက်စစ်အုပ်စုစစ်‌ကြောင်းဟာ ပခုက္ကူမြို့နယ်၊ ဖေါင်းကွဲအုပ်စု ၊ ဇောင်ဂျမ်းကုန်းရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

အဆိုပါစစ်တပ်နဲ့ ပျူစောထီးပူးပေါင်းစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဆိုပါ ဇောင်ဂျမ်းကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အခုလို မီးရှို့မှုတွေကို လုပ်ဆောင်ခဲ့တာလို့ သိရတာပါ။ ဒါ့အပြင် ဇော်ဂျမ်းကုန်းကျေးရွာရှိ ပြည်သူပိုင် စားနပ်ရိက္ခာတွေကိုလည်း အဆိုပါစစ်ကြောင်းက သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

“သူတို့ စစ်ကြောင်းထိုးရင်း ရိက္ခာဝင်ယူကြတာ။ စစ်ကြောင်းက ကမ္မကနေ တွင်းမကို ၁၈ ရက်နေ့ဝင်တာ… ၁၉ ရက်နေ့မှာ ဇော်ဂျမ်းကုန်းကို ဝင်ပြီး မီးရှို့တာပါ။ တွင်းမက ပျူတွေကလည်း မီးရှို့တာမှာပါတယ်။ တွင်းမနဲ့ အခုမီးရှို့ခံရတဲ့ ရွာက ၂မိုင်-၃မိုင်လောက်ပဲ ဝေးတယ်ဗျ။ တွင်းမက ပျူတွေက စစ်ကြောင်းနဲ့လိုက်ရင် ရိက္ခာတွေပါ သယ်သွားတာ” လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်အဖွဲ့မှ ဆရာထွေးက မောင်းကို ပြောပါတယ်။

“ကျေးရွာက ရှိတာမှ အိမ်ခြေ ၃၀ ကျော်လောက်ပဲရှိတာ။ အခုက ၂၄ လုံးကုန်သွားတာဆိုတော့ တရွာလုံးနီးပါး ရှို့သွားတာပါပဲ။ အရင်တုန်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တော့ ပြည်သူတွေက တောထဲတွေမှာ စစ်ရှောင်နေကြတာ၊ မီးရှို့တဲ့အချိန် ပြည်သူထိခိုက်မှုတော့ မရှိပါဘူး” လို့ ဆရာထွေးက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ စစ်တပ်နဲ့ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ အိုရင်းဘက်က သရက်ကန်ပျူရွာနဲ့နီးတဲ့ မြေရင်းရွာထဲမှာ ရောက်ရှိနေပြီး မြေရင်းရွာမှာပဲ ညအိပ်စခန်းချနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဇော်ဂျမ်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက်တွေ့ရစဉ် (ပေးပို့)

0 Shares:
You May Also Like
Read More

နတ်ရေကန်တာဝါတိုင်စခန်းမှ စစ်သားတစ်ဦး တိုက်ပွဲအတွင်း လက်နက်ချ ထွက်ပြေးကာ အလင်းဝင်

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တာဝါတိုင်စခန်းကုန်းက စစ်ကောင်စီတပ်သားတစ်ယောက် ထွက်ပြေးကာ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖားအံကနေ ကော့ကရိတ်ကို တက်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ကရင်ပြည်နယ် ဖားအံဘက်ကနေ ကော့ကရိတ်မြို့နယ်ဘက်ကို လက်နက်ခဲယမ်းတွေနဲ့ ရိက္ခာပို့တဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဒီဇင်ဘာ ၅ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေ အစမ်းသပ်ခံ ကာလကို ဖြတ်ကျော်ကာ တာရှည်ခံနိုင်အောင် ကြိုးပမ်းရမည်ဟု ဆို 

လက်ရှိ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေအနေနဲ့ အစမ်းသပ်ခံကာလတွေကို ဖြတ်ကျော်ကာ အောင်မြင်မှုကို တာရှည်ခံအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ MNDAA ရဲ့ တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် AA နဲ့ TNLA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
Read More

တနင်္သာရီနဲ့ မြိတ်အစပ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ရာ ၅ယောက်သေ

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ် အစပ်မှာ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝရှိစေရေး အပါ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိကြောင်း NUG ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ NUG အစိုးရ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။