၂၀၁၅ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အတွင်း ပြည်သူတွေရဲ့ မဲပေးရွေးချယ်မှုကြောင့် အနိုင်ရရှိခဲ့တဲ့ NLD ပါတီကို စစ်အုပ်စုက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် PPP ကိုယ်စားလှယ် ဦးမြတ်သူဆိုသူက စောင်းမြောင်းအပုတ်ချကာ မဲဆွယ်လျက်ရှိပါတယ်။

ဦးမြတ်သူမှာ ဧရာဝတီတိုင်း ဇလွန်မြို့နယ်မှာ PPP ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆွယ်စည်းရုံးရေးပွဲတစ်ခုမှာ NLD ပါတီကို စောင်းမြောင်းအပုတ်ချပြောဆိုနေတာဖြစ်ပါတယ်။

”ဖေဖေနိုင်မှာဖြစ်မယ်တို့ မေမေတို့မှာဖြစ်မယ်တို့ . . .အလကား။ ကျွန်တော်တို့ အမျိုးသားတွေ၊ ပြည်သူတွေ ဘယ်နှခါနိုင်ဖူးလဲ။ သူတို့ပဲ နိုင်သွားတာ။ အဲဒါဂျင်းစကားလုံးတွေ။ အဲထဲက ထပ်ပြော တယ်။ အသည်းကြားက မဲတစ်ပြားဆိုလား ဘာဆိုလား။ အသည်းက မဲတစ်ပြားဖြစ်ဖြစ် ဘယ်က မဲ တစ်ပြားဖြစ်ဖြစ် အခုက မဲက အပြားလည်းမဟုတ်တော့ဘူး။ ခလုပ်ဖြစ်သွားပြီ”စသဖြင့် ပြောဆို ကာ မဲဆွယ်နေတာဖြစ်ပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ရှေ့တန်းပြန် တိုက်ပွဲဝင်ရဲဘော်တွေကို ပြည်သူတွေ ကြိုဆို‌အောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF – ARMY ထုတ်ပြန် (ရုပ်/သံ)

စစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းပြီး နေရပ်ပြန်လာကြတဲ့ ရှေ့တန်းပြန် ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုအောင်ပွဲခံခဲ့ကြတဲ့ ရုပ်သံဖိုင်ကို BLACK WOLF - ARMY က မနေ့က အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ်အတွင်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမင်‌ကျေးရွာကနေ အင်အား ၁၈၀ ခန့်စုဖွဲ့ပြီး တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်းထံက သိရပါတယ်။
Read More

မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြိုထဲ ဝင်ရောက် (ရုပ်/သံ)

ကချင်ပြည်နယ် လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ လိုင်ဇာမြို့ထဲ ဝင်ရောက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၉ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။