စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ သတင်းထုတ်ပြန်ထားပါတယ်။
ယနေ့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ် ၂၄ စီးကို မြင်းမူမြို့နယ် အလ္လကပ္ပရွာထိပ်မှာ မိုင်း ၄ လုံးတစ်ပွိုင့်နဲ့ ၃ လုံးတစ်ပွိုင့်အသုံးပြုပြီး ၄စီးမြောက်ယာဉ်နဲ့ ၄ စီးမြောက်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်အုပ်စုယာဉ်ရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ အသေးစိတ်မသိရသေးဘူးလို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ မြင်းမူမြို့နယ်ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖနဲ့ အမုန်းဗျင်းမဲ့ Drone Teams တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Video-ဗိုလ်တိုက်ဂါး