ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မှာ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် ပြည်သူတွေကို အစည်းအဝေးခေါ် မဲဆွယ်စည်းရုံးပေးတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ 9 Stats Underground Force Bago Region တပ်ဖွဲ့ထံမှ သိရပါတယ်။

ညောင်လေးပင်မြို့နယ်၊ သံတံတားစံပြကျေးရွာက အုပ်ချုပ်ရေးမှုး နိုင်ဝင်းဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပြည်သူလူထုကို ခြိမ်းခြောက်အစည်းအဝေးခေါ်ယူကာ မဲဆွယ်စည်းရုံးခဲ့တဲ့အတွက် ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီကျော်လောက်မှာ အမှတ် ၉ ရပ်ကွက် ကျေးရွာလမ်းမပေါ်မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရတာပါ။

“ကျည်သုံးချက်ထိမှန်ပြီး နေရာမှာပဲ သေသွားတာ၊ ခုခံချိန်မရလိုက်ဘူး၊ သူ့အိတ်ထဲက အသီးကို နှိုက်ရင်း မောင်းပြေးတာ၊ ညပိုင်း‌မှာတော့ ဒိုက်ဦး ရခ ငါးယောက်ရောက်လာတယ်” လို့ 9 Stats Underground Force , Bago Region တပ်ဖွဲ့တာဝန်ခံ မြေပွေးက မောင်းကိုပြောပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူး နိုင်ဝင်းကိုပစ်ခတ်ရှင်းလင်းဖို့အတွက် အချိန် ၁၅ ရက်ခန့်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ၎င်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

နိုင်ဝင်းဟာ လက်နက်ကိုင် ပျုစောထီးအဖွဲ့ တည်ထောင်ကာ ရွာထဲက ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေသူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ဝင်းရဲ့ သားဖြစ်သူနဲ့ သားမက်ဖြစ်သူတို့ဟာလည်း ပျုစောထီးတွေပဲဖြစ်ကြပြီး စစ်ကော်မရှင်ရဲ့ စစ်ကြောင်းတွေမှာ လက်နက်ကြီး ပစ်ကူပေးသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

အုပ်ချုပ်‌ရေးမှုး နိုင်ဝင်းဟာ စစ်မှုထမ်းပေါ်တာဆွဲခြင်း၊ လူရောင်းလူဝယ်လုပ်ခြင်းများအပြင်၊ စစ်အုပ်စုနဲ့ပေါင်းပြီး ၎င်းနဲ့မတည့်သူများကိုပါ ဒုက္ခပေးနေတဲ့အတွက် မိမိတို့အဖွဲ့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ ၄င်းကဆက်ပြောပါတယ်။
0 Shares:
You May Also Like
Read More

KNU ဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ KMU ရဲ့ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU)နေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်မှာ ကျင်းပခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့ KNU ဗဟိုက ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ် ဂန့်ဂေါ်တောင်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းမှူး ဒရုန်းဗုံးသီး ထိမှန်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဂန့်ဂေါ်တောင်ရွာမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရခိုင့်တပ်တော် AA က ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းမှူး ထိခိုက်သေဆုံးပြီး စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း စစ်ကောင်စီနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

ကျောက်မဲတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၄) ဦး သေဆုံးပြီး ကလေးငယ် (၂) ဦးအပါ (၁၄) ဦး ထိခိုက်ဒဏ်ရာရ၊ နေအိမ် (၂၃) လုံးနှင့် စာသင်ကျောင်း (၂) ကျောင်း ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်မှာ ဟန်ပြ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး ကလေးငယ် (၂) ယောက် အပါအ၀င် (၁၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားဆောင်းမြို့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲတွင် ၁၉ နှစ်နှင့် ၂၀ နှစ်အရွယ် တော်လှန်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၁၃၅ တပ်ရင်းစခန်းသိမ်းတိုက်ပွဲမှာ ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် (အမှတ်-၁၁၀၈ တပ်ရင်း)က ထုတ်ပြန်ပါတယ်။