ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးအုပ်စုမှာ အကြမ်းဖက်စစ်‌ကော်မရှင်တပ်သား‌တွေအတွက် စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ ရာအိမ်မှူးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadowက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီခွဲလောက်မှာ ကွေ့မရွာက ရာအိမ်မှူးကိုထွေးဟာ စစ်အုပ်စုဝင်တွေနဲ့အတူ ရပ်ရွာအုပ်စုအတွင်းက ပြည်သူတွေဆီကနေ စစ်မှုထမ်းကြေးအတွက်ဆိုပြီး တစ်လ ၅ သောင်းကနေ ၁ သိန်းအထိ ၎င်းကိုယ်တိုင် လိုက်လံကောက်ခံပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

အခုလို ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ရာအိမ်မှူးကိုထွေးကို ၎င်းရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ ၎င်းကိုပစ်ခတ်ရှင်းလင်းဖို့ အချိန်တစ်ပတ် ယူခဲ့ရတယ်လို့ သိရပါတယ်။ အထူးသဖြင့် ကိုထွေးဟာ စစ်အုပ်စုနဲ့ ပေါင်းပြီး ကွေ့မရွာထဲရှိ ပြည်သူတစ်ချို့ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ၊ ဧည့်စာရင်းမတိုင်သူများကို ရိုက်နှက်တာ‌မျိုးတွေလည်း လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

“သူက ရာအိမ်မှူးလုပ်တာတော့ကြာပြီပေါ့၊ ၃ နှစ်လောက်တော့ရှိပြီ၊ သူ့အိမ်မှာသွားရောက်ရှင်းလင်းတဲ့အချိန် ပြန်လည်ခုခံတာမျိုး မရှိခဲ့သလို ခုခံချိန်လည်း မရလိုက်ပါဘူး၊ မဆိုင်တဲ့သူ့မိသားစုကိုလည်း ဘာမှမလုပ်ခဲ့ပါဘူး‌ ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်း ရေး နဲ့ သတင်းပြန်ကြားတာဝန်ခံရဲဘော် Shadow က မောင်းကိုပြောပါတယ်။

ရာအိမ်မှူးကိုထွေးကို ရှင်းလင်းခဲ့ပြီး ည ၁၀ နာရီလောက်မှာ စစ်ကော်မရှင်တပ်သားများရောက်လာပြီး ဒေသခံတွေကို စစ်ဆေးမှုတွေ ပြုလုပ်သွားသလို၊ ရာအိမ်မှုးရုပ်အလောင်းကိုလည်း သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

Sky Villa ကွန်ဒိုမှ ရုပ်အလောင်း ၁၀ လောင်း ထပ်မံတွေ့ရှိ

အင်အားပြင်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကနေ စုစုပေါင်း ရုပ်အလောင်း (၁၀)လောင်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမြို့နယ်အတွင်း ပကဖနဲ့ ပအဖ တွေက ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့ကူညီမှုတွေ ပြုလုပ် (ဓာတ်ပုံသတင်း)

ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ရွာတွေကို ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက အလှူရှင်တွေကိုယ်စား သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို MDY-PDF ထောက်ပံ့ကြေးပေးအပ် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ စိုးမိုးနယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို ထောက်ပံ့ကြေးပေးအပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်း အပတ်စဉ် (၉) အထိ နိုင်ငံတစ်ဝန်း ပြည်သူ ၄၀၀၀၀ ကျော် စုဆောင်းခံထားရ

စစ်ကောင်စီရဲ့ တရားမဝင် စစ်မှုထမ်း အပတ်စဉ် (၉) အထိ ရောက်လာချိန်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၄၀၀၀၀ ကျော်လောက်ကို အတင်းအဓမ္မ စုဆောင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရကာ ၁၀ ယောက် သေပြီးနောက် တိုက်ပွဲနှင့် မသက်ဆိုင်သည့်ရွာကို စစ်တပ် ဗုံးကြဲဖျက်ဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက် သေဆုံးခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။