ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ညောင်ညောင် (ခ) ညီညီလှိုင်ဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ OSC ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိန်သီးက “သီးလေးသီးမဖြစ်ခင် သီးလေးသီး ဖြစ်အောင် လက်တွဲခေါ်ခဲ့တဲ့အကို၊ ဆရာ.. အကို့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ဘူး။ အဝေးကနေပဲ 🙏🏻 လိုက်ပါတယ်။ အကိုဆရာ ကောင်းရာသုဂတိလားပါစေ”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူနောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားက “ဂေါင်းကြီးတို့ ပြန်လာပြီ ၂” ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်  လမ်းကင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အပါ ၂၀ ဦးထက်မနည်း သေဆုံးပြီး RPG အပါ သေနတ် ၅ လက် သိမ်းဆည်းရမိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ် လမ်းကင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်မှူးအဆင့် ၁ ယောက်အပါအဝင် အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူတွင် နယ်မြေရှင်းလင်းနေသည့် PDF များကို စစ်တပ်နှင့် ပျူစောထီးများ ကြားဖြတ်တိုက်ခိုက်၊ တိုက်ပွဲအတွင်း စစ်တပ်က ၂ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦးနှင့် အရပ်သား ၂ ဦး သေဆုံး

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ စိန်ဘုံကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း စစ်ကြောင်း ၃ (Kanbauk Defense Force) က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်အုပ်စုအတွက် လက်နက်ပွဲစားကုမ္ပဏီ Miya Win က လေကြောင်းပျံသန်းရေးကိရိယာတွေ ကြားခံဝယ်ယူပေးနေ

ဩစတြေးလျကုမ္ပဏီ AXIS Flight Training Systems GmbH က စစ်ကောင်စီကို သဏ္ဍန်တူပျံသန်းလေ့ကျင့်ရေးကိရိယာ(FSTD) ကို ရောင်းချပေးခဲ့ပြီး မြန်မာစစ်အုပ်စုရဲ့လေတပ်က လေယာဉ်မှူးတွေကို လေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့ Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။
Read More

ကျိုက်ထိုတွင် စစ်တပ် ပစ်ခတ်မှုများကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

KNU- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။
Read More

ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ စစ်ကောင်စီကားတွေကို မိုင်းဆွဲ၊ ထိခိုက်သေဆုံးမှုတွေ ရှိ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းအတိုင်း လာတဲ့အကြမ်းဖက်စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Popa Guerrilla Force ( PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုမြို့နယ် ရေလယ်ကျွန်း ကျေးရွာ ၅ ရွာကို အကြမ်းဖက်စစ်တပ် ပစ္စည်းတွေ ခိုးယူ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် လူနေအိမ် အလုံး၄၀ ထက်မနည်း ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။