အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဟာ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲခြင်းတွေ လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ သတိပြုကြဖို့ ဦးမင်းကိုနိုင် အပါအဝင် တော်လှန်ရေးလူပုဂ္ဂိုလ်တွေနဲ့ တော်လှန်အဖွဲ့အစည်းတွေက ထုတ်ပြန်လိုက်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ ပေါင်းပြီး “တော်လှန်သွေးချင်းများ၏ သန္နိဌာန်ပြုချက်” ကို ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

“အကြမ်းဖက်စစ်တပ်က မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲပြီး ပြည်သူလူထုအား သတ်ဖြတ်မှုမှာ အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုဖြစ်သည်။ ၄င်းဖြစ်ရပ်ကို အခြေပြုလျက် အကြမ်းဖက်စစ်အုပ်စု၏ လူမျိုးရေးမုန်းတီးလှုံ့ဆော် လမ်းလွှဲနေခြင်းအား သတိပြုကြရမည်ဖြစ်သည်” လို့ ဆိုထားပါတယ်။

အဆိုပါ သန္နိဌာန်ပြုချက်ကို ဦးမင်းကိုနိုင်၊ ဒါရိုက်တာ ကိုပေါက်၊ သွန်းနေစိုး စတဲ့ လူပုဂ္ဂိုလ် ၇ယောက်နဲ့ Blood Money Campaign ၊ General Strike Coordination Body (GSCB)၊ Octopus (Youth Organization) စတဲ့ အဖွဲ့ ၃၇ ဖွဲ့ စုပေါင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

“ကျွန်ုပ်တို့အားလုံးသည် စစ်ရာဇဝတ်မှုကျူးလွန်တရားခံ စစ်ခေါင်းဆောင်များအား တညီတညွတ်တည်း တော်လှန်နေကြသူ သွေးချင်းများဖြစ်၍ မည်သူထိခိုက်နစ်နာသည်ဖြစ်စေ အတူခံစား နာကျင်ရပြီး အပြန်အလှန်အားပေးကူညီလျက် စစ်အာဏာရှင်စနစ်ကို အမြတ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားကြရန် သန္နိဌာန်ပြုပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဖယ်ခုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ၈နှစ်အရွယ် ကလေးငယ်များ အပါအဝင် စစ်ရှောင် ၈ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက်၈နှစ်အောက် ကလေးငယ်တွေ အပါအဝင် စစ်ရှောင် ၈ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF-အမှတ်(၁)ဗျူဟာ သတင်းနှင့်​ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်မြို့နယ်မှ ပျူခေါင်းဆောင်နှင့် ညာလက်ရုံးတပည့်ကို တစ်နေရာစီ ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ သူ့တပည့်ကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ 9 Stars Underground Force ,Bago Region တပ်ဖွဲ့က ပြောပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့သူများ အပါအဝင် စစ်တပ်အရာရှိတချို့ကို စစ်ကောင်စီက စည်သူဘွဲ့များ ချီးမြှင့်

ဦးသိန်းစိန်လက်ထက်က  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့ အငြိမ်းစားစစ်တပ်အရာရှိတွေကို အာဏာသိမ်း စစ်ကောင်စီက စည်သူဘွဲ့တွေ ပေးအပ်လိုက်ပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ အတွင်း တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် (၁၁)ခုတို့ကို သိမ်းပိုက်နိုင်ခဲ့… တိုက်ပွဲတွေအတွင်း စစ်တပ်က (၄၁၃) ယောက် သေဆုံးကာ (၃၁၄) ယောက် ဒဏ်ရာရခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၂ ‌စစ်ကြောင်းတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၈၈ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီရဲ့ တပ်ရင်း ၃ ရင်း၊ ဗျူဟာ ၁ ဗျူဟာနဲ့ ကာကင်းတပ်စခန်းငယ် ၁၁ ခုတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။