စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မူးမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဆီ ဒရုန်းနဲ့ ဗုံးသီးချပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်အုပ်စုတွေပေါ် ဒရုန်းပြန်ပြုတ်ကျကာ စစ်သားနဲ့ ပျူ ၆ ယောက် သေတယ်လို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးမြစ်ကမ်းအနောက်ဘက်၊ အောင်သာယာရွာထဲ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရဲ့ ၂ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှုတွေကြောင့် မူးမြစ်အရှေ့ကမ်း၊ ခင်ဦးမြို့နယ်အတွင်းက ကျောက်တိုင်၊ ကျီစု၊ မုံလှ စတဲ့ ကျေးရွာတွေမှာ အရပ်သား ၅ ယောက်အထိ ထိခိုက်ပြီး နွား၂ကောင်သေဆုံးကာ နွားတင်းကုပ်တဲ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်အုပ်စုတွေက  အောက်တိုဘာ ၃ ရက်၊ မနေ့ကစလို့ မူးမြစ်ကမ်းအရှေ့ဘက် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းလေ့ကျင့်နေသည့် အကြမ်းဖက်စကစ စစ်သားများ (ဓာတ်ပုံ DMG)

ဒီနေ့ မနက်အစောပိုင်းမှာလည်း ခင်ဦးမြို့နယ် မုံလှကျေးရွာဆီ Droneနဲ့ ဗုံးသီးတွေကြဲခဲ့လို့ Grade -8 ကျောင်းသူ ၁ ယောက် အပါအဝင် အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တိုက်ခိုက်မှုအပြီး စစ်အုပ်စုက နောက်ထပ်တစ်ခါ ဒရုန်း၁စီး လွှတ်တင်ခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဂျမ်မာငြိပြီး တန်ပြန်ဆွဲယူနေတဲ့အတွက် ဒရုန်းကို ပျူရွာဘက် ပြန်ခေါ်နေချိန် ဗုံးသီးတွေ ပြုတ်ကျကာ စစ်အုပ်စုတွေ ၆ယောက် ထိခိုက်သေဆုံးခဲ့တာလို့ ခင်ဦးမြို့နယ်၊ သတင်းမှန်ပြန်ကြားရေးက ပြောပါတယ်။

အထက်ပါ ရေဦးမြို့နယ်ထဲက တိုင်းရင်းဆေးရုံထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေရဲ့လက်နက်ကြီးကြောင့် မနေ့က မနက်ပိုင်းမှာလည်း မြို့အနောက်ဘက် သံသည်ကျေးရွာမှာ ပျိုးနုတ်နေတဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

မြစ်ရေညစ်ညမ်းမှုများရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်တိုးချဲ့ပေးနေ

ရွှေတူးဖော်မှုကြောင့် ကော့မြစ် (နမ့်ခုတ်မြစ်) ရေ ညစ်ညမ်းမှုတွေ ရှိနေပေမယ့် ဝတပ်က တရုတ်တွေကို ရွှေတူးခွင့်တွေ ဆက်လက်တိုးချဲ့ ချထားပေးနေကြောင်း၊ ပိုင်ခမ်းရွာအနီးမှာ နေရာသစ်တွေရှာဖို့ ဒေသခံတွေကို ငှားရမ်းနေကြောင်း ရှမ်းပြည်နယ်၊ ကော့မြစ် (နမ့်ခုတ်မြစ်)အနီးက ဒေသခံကို ကိုးကားပြီး CTN သတင်းက ဖော်ပြပါတယ်။
Read More

စစ်ရှောင်တွေကို ဖမ်းသွားတဲ့ PDF အယောက်ဆောင် စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ယောက် သေ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ PDF အယောင်ဆောင်ပြီး စစ်ရှောင်အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၁၀ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိကာ ဘုရားကျောင်း (၁) ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဖော်ပြထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ကလေးခရိုင် ပကဖ ရဲဘော်အတွက် ချီးမြှင့်ငွေ ထောက်ပံ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော်အတွက် အခမ်းအနားနဲ့ ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် စစ်တပ် မီးရှို့သတ်ဖြတ်မှုကြောင့် ရုပ်အလောင်း ၄ လောင်း တွေ့ရှိ၊ နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပြေသာရွာမှာ အကြမ်းဖက်စစ်တပ် မီးရှို့ သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း ၄ လောင်းတွေ့ရှိပြီး စစ်ကောင်စီ တပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ နီးပါး ပြာကျခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Army) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ရေကြီးရေလျှံနေတဲ့အတွက် တပ်တော်ရဲ့ ဗဟိုဌာနချုပ်မှာ အကျဥ်းချုံး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။