တနင်္သာရီတိုင်း၊ ပုလောမြို့မှာ စစ်အုပ်စုအတွက် အတင်းအဓမ္မ တပ်သားသစ် စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းထံက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁နာရီလောက်မှာ ပုလောမြို့ အမှတ် (၁) အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သူ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲ့လို ဖမ်းဆီးလာစဥ် စစ်ကော်မရှင်တပ်သားတွေက ထပ်ကြပ်မကွာ လိုက်လံပစ်ခတ်မှုကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့လို ထိတွေ့မှုတွေဖြစ်ပွားနေချိန် အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်က စစ်ရေးအခြေအနေကို အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ ကြိုးပမ်းတာကြောင့် ကာကွယ်ရေးတပ်သားတွေအနေနဲ့ လုံခြုံရေးအရ မလွှဲသာမရှောင်သာ ပစ်ခတ်ထိန်းသိမ်းရာက သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“မြို့တွင်းဆိုတော့ စကမတပ်တွေ ချက်ချင်းသိပြီး လိုက်လာတာပါ။ သူ အုပ်ချုပ်ရေးမှူးလုပ်တဲ့ အချိန် အတိုင်းအတာကို ကျနော် မသိဘူး။ သေချာတာက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သူပါ။ မိုးနိုင်ကြောင့် စစ်မှုထမ်းစုဆောင်းခံရသူ ၁၀ ‌ဦးကျော်ပါတယ်” လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံရဲဘော် အာနိုးက မောင်းကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ဟာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့  ယန္တရားလည်ပတ်ရေးအတွက် အဓိက ထောက်တိုင်အဖြစ် ရပ်တည်ကာ ဒေသခံလူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေဖို့ လုပ်ဆောင်နေသူ ဖြစ်ပြီး သူမိသားစုဝင်တွေကလည်း ရပ်ရွာအတွင်း မူးယစ်ဆေးရောင်းဝယ် ဖြန့်ဖြူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်ကြားစာတွေ ရရှိထားတယ်လို့ ဆိုပါတယ် ။

မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းအနေနဲ့ စစ်ကော်မရှင်ရဲ့  တရားမဝင် စစ်မှုထမ်းဥပဒေကို အသက်ဝင်စေဖို့ အားပေးကူညီနေသူတွေ၊ ပြည်သူလူထုဘဝလုံခြုံမှုကို ခြိမ်းခြောက်နေသူတွေကို ထိရောက်စွာ ဆက်လက် တိုက်ဖျက်သွားမယ်လို့ အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေချိန် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တရုတ်က ခေါ်ယူတွေ့ဆုံ

တရုတ်ဗဟိုအစိုးရက  ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို တရုတ်နိုင်ငံကခေါ်ယူလို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။
Read More

ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရမှုမှာ လုပ်ဆောင်ခဲ့သူတွေကို ဖမ်းမိပြီ ဟု စစ်ကောင်စီ ပြော

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က ဟုမ်းလမ်းဘူတာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်းခဲ့သူတွေကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီထောက်ခံတဲ့ ဝါဒဖြန့်သတင်းတွေမှာ ဖော်ပြလာပါတယ်။
Read More

လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းကို စစ်ကော်မရှင်တပ် ပြန်လည်သိမ်းပိုက်လိုက်ပေမယ့် အထိုင်ချရဲမှာမဟုတ်ဘူးဟု ဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်ရှိ စွယ်တော်ကုန်းစစ်စခန်းကို စစ်ကော်မရှင်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းတပ်တို့ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

လားရှိုးမှာ အရပ်သားတွေ အိပ်မောကျချိန် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချလို့ ၁ ယောက်သေဆုံးကာ ၁၅ ယောက်ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ် ၂ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၄ ရက်၊ ဒီနေ့မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးတွေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။