လေကြောင်းတိုက်ခိုက်ရေးကို မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံး ဖြန့်ကျက်ကာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်နေပြီလို့ လေကြောင်းတိုက်ခိုက်ကာ ပြည်သူ ၅၀၀၀ နီးပါးကို သတ်ဖြတ်ထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တပ်မတော် (လေ) ဖွဲ့စည်းတည်ထောင်မှု ၇၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ အကြမ်းဖက် မင်းအောင်လှိုင်က အခုလို ပြောခဲ့တာြဖစ်ပြီး တိုက်ခိုက်စွမ်းအား တိုးတက်ကောင်းမွန်ဖို့ လေယာဥ်၊ ရဟတ်ယာဥ်နဲ့ စစ်ဆင်ရေး အထောက်အကူစနစ်တွေကို ဖြည့်တင်းနေတယ်လို့ ပြောပါတယ်။ 

“လက်ရှိဆင်နွှဲနေတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်မှုတွေမှာ တပ်မတော် (လေ) အနေနဲ့ နိုင်ငံအနှံ့ပျံသန်း စစ်ဆင်မှုများ ထိထိရောက်ရောက် ဆောင်ရွက်ကာ အထောက်အကူပြုနေတာကို တွေ့ရှိရမှာဖြစ်တယ်” လို့ အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောပါတယ်။  

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုမြင့်တက်နေတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေချိန်မှာ မင်းအောင်လှိုင်က သူ့ရဲ့ လေတပ်ကို အမွန်းတင် ထုတ်ဖော်ပြောဆိုနေတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ နိုဝင်ဘာလကုန်အထိ အကြမ်းဖက်စစ်တပ်ဟာ  နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၀၀ ကျူးလွန်ခဲ့ပြီး အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်  သေဆုံးသူ ၄၄၇၀ ယောက် ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်တွေ၊ အမိန့်ပေးစေခိုင်းသူ အရာရှိတွေ၊ လက်တွေ့လုပ်ဆောင်တဲ့ လေယာဥ်မှူးတွေ၊ ပံ့ပိုးကူညီသူတွေနဲ့ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေတဲ့ စစ်တပ်လော်ဘီတွေ အားလုံးကို ဥပ‌ဒေနဲ့အညီ အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင်သွားမယ်လို့ NUG က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒီဇင်ဘာလ ပထမပတ်ထဲမှာ ဒီပဲယင်းမြို့နယ် မရကန်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ အယောက် ၂၀ နီးပါး သေဆုံးခဲ့သလို ဒုတိယပတ်ထဲမှာ ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံ အပါအဝင် မြို့ ၅ မြို့ကို ၃ ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၃ ဒါဇင်ကျော်သေဆုံးပြီး အယောက် ၁၀၀ ခန့် ထိခိုက်ဒဏ်ရာ ရခဲ့တာဖြစ်ပါတယ်။ 

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့ အာရက္ခတပ်တော် AA ကလည်း ထုတ်ပြန်ထားပါတယ်။

ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း ၅ နှစ်နီးပါး ကာလအတွင်း အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့တဲ့ နိုင်ငံတဝှမ်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ၉၁ မှု ရှိခဲ့ပြီး အများစုဟာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အသက် ၂၀ ကစလို့ တော်လှန်ရေးတာဝန်များ ၄ နှစ်ကြာ ထမ်းဆောင်ပြီးနောက် တပ်စိတ်မှူး ရဲဘော် ပေါက်စ ကျဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်ပေါက်စရဲ့ စျာပနအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - PLF က ထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမှာ စစ်ရှောင်ကျေးရွာများထဲမှ အရပ်သားပိုင်ပစ္စည်းနှင့် အိမ်မွေးတိရစ္ဆာန်များကို စစ်အုပ်စု ခိုးယူသယ်ဆောင်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ကျေးရွာတွေထဲကို ပျူစောထီးနဲ့ စစ်အုပ်စုတွေက ဝင်ရောက်စီးနင်းရင်း အရပ်သားပိုင်ပစ္စည်းတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသယ်ဆောင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တာမွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီ ရွှေ့ဆိုင်းချင်ရင် သိန်း ၄၀ တောင်းခံနေ

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်ဆိုသူက ရပ်ကွက်အတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့ လူငယ်တွေ စစ်မှုထမ်းဖို့ ယာယီရွှေ့ဆိုင်းချင်ရင် ကျပ်ငွေ သိန်း ၄၀ တောင်းခံနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၃/၂၀၂၅) သင်တန်းဆင်းပွဲ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

“ရှမ်းမန်း စစ်ဆင်ရေး” နှင့် “၁၀၂၇ စစ်ဆင်ရေး – အပိုင်း (၂)” တွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် BLDF တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့…

"ရှမ်းမန်း စစ်ဆင်ရေး" နှင့် "၁၀၂၇ စစ်ဆင်ရေး - အပိုင်း (၂)" မှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တယ်လို့ BLDF က ဒီနေ့ ထုတ်ပြန်ပါတယ်။