မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာစျေးအနီးကို အကြမ်းဖက်စစ် တပ်က လေကြောင်းကနေ ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

”တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေတာကြောင့် မီးလောင်ပြင်ကိုငြိမ်းသက်နိုင်ဖို့ မီးသတ်ကားမရှိတာနဲ့ လူအင်အားမရှိတာကြောင့် တစ်ရွာလုံးမီးဘေး မကျရောက်ဖို့အတွက်တော့ အတော်ကြိုးစားရမှာပါ”ဒေသခံက ဆိုပါတယ်။

ကျေးရွာအတွင်း ပြည်သူတွေဟာ စစ်ရှောင်နေတဲ့အတွက် မီးငြိမ်းသတ်ဖို့ အခက်အခဲရှိခဲ့ပြီး တစ် ရွာလုံး မီးမကူစေဖို့ပဲ ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

Video – Phyo Zin Ko

0 Shares:
You May Also Like
Read More

ရေစကြိုမှာ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ရေစကြိုမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ကမ္မမြို့ရဲစခန်းမှ ကင်းပတ်ထွက်လာသည့် အကြမ်းဖက်စစ်သားများကို ဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ရဲစခန်းကနေ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ RED GIANT အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရဲဘော် ဘသော်၏ ဈာပန (ရုပ်/သံ)

အာဠာဝကစစ်ကြောင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖြူး-အုတ်ဖြတ်လမ်းမကို ထိန်းချုပ်ထားစဉ် အကြမ်းဖက်စစ်ကောင်စီရဲ့  လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေး ရဲ‌ဘော်ဘသော် ကျဆုံးခဲ့ရပါတယ်။
Read More

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် (ရုပ်/သံ)

မြိုင်မြို့နယ် တွင်းမပျူစခန်းကနေ တပ်မ ၁၀၁ သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ယောက်သေဆုံးပြီး ခြောက်ဘီးယာဉ် ၁ စီး၊ G-3 ကျည် ၁၈ တောင့်၊ဆိုင်ကယ် ၂စီး သိမ်းဆည်းရရှိ (ရုပ်/သံ)
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက်ထားတဲ့ လက်နက်တွေကို သိမ်းဆည်းရရှိ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဝှက် ထားတဲ့ လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Chin Defence Force - Mindat မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်နယ်နဲ့ မြိုင်နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းအား စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ တောရဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်က Y-12 လေယာဉ်နဲ့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။