Myingyan Black Tiger (MBT) တပ်ဖွဲ့က စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းဟာ စက်တင်ဘာ ၆ ရက်က စတင်ခဲ့ပြီး ဒီနေ့အထိ ၂၉ ရာခိုင်နှုန်းသာ ပြည့်မီသေးတဲ့အတွက် ပြည်သူတွေ ပါဝင်အားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နိုင်ဖို့ မဟာမိတ်တွေနဲ့ ပေါင်းစည်းကာ စစ်ရေးအရှိန်မြှင့်တင်ပြီး ပြည်သူတွေ လိုလားတောင်းတတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပန်းတိုင်ရောက်နိုင်ဖို့ MBT တပ်ဖွဲ့ရဲဘော်တွေက အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း ကတိသစ္စာပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စက်သုံးဆီဆိုင်ပိုင်ရှင် ၅ ရက်ကြာတဲ့အထိ မိသားစုနဲ့ အဆက်အသွယ်ပြတ်နေ (ရုပ်/သံ)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက် မြို့ပတ်လမ်း ၃၃ လမ်းနဲ့ ၃၄ လမ်းထောင့်က စားသောက်ဆိုင်အနီးမှာ ဇန်နဝါရီ ၃ ရက် ညနေပိုင်းက စတားပါဝါစက်သုံးဆီဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းမှာ ယမ်စီဝမ်ပေါင်မှ ထွက်လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံး ခဲ့တယ်လို့ မဲမှောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဇာနည် (၁၂) ဦး (ရုပ်/သံ)

ယနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားခဲ့တဲ့ အာဇာနည် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပင်တီးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ပင်တီးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဖလမ်းမြိုသိမ်း စစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲများမှ ဖမ်းဆီးရမိသော ပြည်သူ့စစ်မှုထမ်း (ပစ) များ၏ ထွက်ဆိုချက်များ (ရုပ်/သံ)

"ကျနော်တို့ ထွက်မပြေးနိုင်ရင်တောင်မှပဲ ဒီလိုလက်နက်ချဖို့ အခွင့်အရေးကြုံလာခဲ့တာတောင်မှ လက်နက်ချလို့ရှိရင် အထက်က လူတွေက လက်နက်ချတဲ့ လူမှန်သမျှ ပစ်သတ်မယ်လို့ ပြောလို့ ခြိမ်းခြောက်ခဲ့လို့ ကျနော်တို့ လက်နက်မချခဲ့ရတာပါ။ သူတို့နဲ့လည်း ကွဲလာရော လက်နက်ချနိုင်ခဲ့ပါတယ်''
Read More

MBT ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၉ သင်တန်းဆင်းပွဲ (ရုပ်/သံ)

Myingyan Black Tiger (MBT) ၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၆ ရက်မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။