အာရက္ခတပ်တော် (AA) ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစွန်းရောက် စစ်သွေးကြွအဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ပြီး တိုက်ခိုက်လာမှုအပေါ် စိုးရိမ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ မနက် ၆ နာရီ ၃၀ မိနစ်အချိန်မှာ ဖြစ်ပွားခဲ့ပြီး အင်အား (၁၀) ယောက်ခန့်ပါဝင်တဲ့ အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေက မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အဆိုပါ လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်လာပြီး လက်နက်ငယ်တွေအပြင် 40MM (79) တွေနဲ့ပါ နယ်စပ်လုံခြုံရေးစခန်းကို မိနစ်အနည်းငယ်အကြာ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

AA တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ပစ်ခတ်တုံ့ပြန်မှုကြောင့် အဆိုပါ စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရှိ BGB (ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်) နယ်ခြားစောင့်စခန်းတစ်ခုအနီးကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့လည်း AA က ဆိုထားပါတယ်။



ဒါ့အပြင် ARSA နဲ့ RSO တို့လို အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အရင်ကလည်း အရပ်သားပြည်သူတွေကို ချုံခိုတိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ပြန်ပေးဆွဲတာတွေနဲ့ ငွေညှစ်တာတွေကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြောင်း AA က ထောက်ပြပါတယ်။

AA အနေနဲ့ အခုလို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ ဖြတ်ကျော်ဝင်ရောက်ကာ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ နယ်စပ်တည်ငြိမ်ရေးကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်း၊ ပြင်းပြင်းထန်ထန် သတိပေးခဲ့ပေမယ့် ဒီလုပ်ရပ်တွေကို အကျင့်ပျက် BGB တပ်မှူးတွေက မသိကျိုးကျွန်ပြုထားတာဟာ အကြမ်းဖက်သမားတွေကို အားပေးအားမြှောက်ပြုနေတာဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နှစ်ဖက်အကြားရှိ ယုံကြည်မှုတွေ ဆုတ်ယုတ်စေပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

နမခကနေ စစ်ကိုင်းဘက်လာတဲ့ သံချပ်ကာ စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ၇ ယောက် သေ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာ နမခကနေ စစ်ကိုင်းဘက်ကို ထွက်ခွာလာတဲ့ စစ်​ကောင်စီသံချပ်ကာယာဥ်တန်းကို ချောင်းဦး- မြင်းမူလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ရာ ကား၂ စီး ထိခိုက်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ၊ လျှပ်စီးတပ်ခွဲတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကယန်းအမျိုးသားနေ့မှာ ကယန်းဒေသ သိကျိတ်ရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုအပေါ် ကယန်းပြည်သစ်ပါတီ ရှုတ်ချ

စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။
Read More

တိုက်ပွဲများ နီးကပ်လာသည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ပြော

တိုက်ပွဲတွေနဲ့ နီးကပ်လာတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသက အထူးစီးပွါးရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် Timeline ချမှတ်ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွါးဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။