စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မင်းကွန်းရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်အုပ်စုဘက် ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ရဲနဲ့ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး စစ်ကြောင်းပျက်ကာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ No More Dictatorship-NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်းက ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းကို အဲ့ဒီနေ့ ညနေပိုင်း အုန်းသဇင်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက အသင့် စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကြောင်းဟာ ချောင်းမကြီးကျေးရွာ မြောက်ဘက်တနေရာက တော်လှန်ရေးတပ်တွေရဲ့ သတ်ကွင်းထဲရောက်လာချိန်မှာ တိုက်ပွဲဖော်ဆောင်ခဲ့တာလို့လည်း တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ People Servant Force တပ်ဖွဲ့ကပြောပါတယ်။

အဆိုပါ စစ်တပ်စစ်ကြောင်းကို People Servant Force ၊ မင်းကွန်းတိုက်နယ် ပ.က.ဖ ၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ၊ ရတနာပုံတပ်ဦး ၊ No More Dictatorship – NMD နဲ့ ချမ်းစည်ရိုင်ဖယ်တပ်ဖွဲ့တို့က စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများနှင့် တော်လှန်ရေးတပ်များ
အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများနှင့် တော်လှန်ရေးတပ်များ

အဲ့ဒီနောက်အကြမ်းဖက်စစ်ကြောင်းဟာ မင်းကွန်းဘက် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာတော့ ၇.၆၂ အမျိုးအစား G3 ကျည် ၈၅၅ တောင့် ၊ ၅.၅၆ ကျည် ၇၉၆ တောင့်၊ ၆၀ မမ ဗုံးသီး ၅ လုံး ၊ RPG အသီး ၃ လုံး၊ ပို့ကျည် ၃ တောင့်၊ အီနာဂါ M9 ၁ လုံး ၊ ငါးကြင်းမှီးပြောင်း ၁ ပြောင်း၊ MAကျည်ဘောက် ၃ ဘောက်၊ MA2 ဘောက်အဝိုင်း ၁ ခု နဲ့ စစ်အသုံးအဆောင်တွေကို တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

“တိုက်ပွဲဖြစ်ပြီး နယ်မြေရှင်းလင်းတော့ ကျနော်တို့ စစ်တပ်ယူနီဖောင်းတွေရတယ်။ အဲ့မှာ ၃ပွင့်ယူနီဖောင်းပါတယ်။ နောက်သတင်းထပ်ကြားရတာက သေတဲ့အထဲ ၃ပွင့်ဗိုလ်ရယ် ၂ပွင့်ရဲသေတယ်လို့ သိရပါတယ်ပေါ့။ မျက်မြင်ကတော့ သူတို့ဖွဲ့စည်းပုံပျက်ပြီး အထိနာတဲ့ကောင်တွေကို နောက်ကိုပြန်ဆွဲသွားရတယ်။” လို့ No More Dictatorship -NMD တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၃နဲ့ ၁၄ရက်နေ့ (ဒီနေ့) မှာလည်း စစ်တပ် စစ်ကြောင်းထွက်လာတာမျိုးတွေရှိနေပြီး ထိတွေ့မှုတော့မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းအန္တရာယ်ကြောင့် အုန်းသဇင်၊ ထုံးဘို၊ ရွှေခဲပြန်၊ ကသဲသာ၊ အိုင်ဒိုင်၊ မဲဇလီချောင်း၊ ချောင်းဦး၊ အုတ်ဖို၊ တလိုင်း၊တောင်ရင်း၊ စဥ့်ကိုင် စတဲ့ ကျေးရွာတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ
အကြမ်းဖက်စစ်ကြောင်းထံမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

 

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ညအချိန် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေ ရွာပြင် ထွက်အိပ်နေရ…

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှု​ကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ တောင်သာ လူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

NUG တရားဝင် တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို NUG ဝန်ကြီး ဒေါက်တာ တူးခေါင် ကွင်းဆင်းစစ်ဆေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တရားဝင်တူးဖော်ခွင့်လိုင်စင်နဲ့ ခွင့်ပြုထားတဲ့ ရွှေလုပ်ကွက်တွေကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် က သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းတွင် မြို့တွင်းမြို့ပြင် ကျေးရွာအနှံ့ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှု ဆိုးရွား များပြားလာ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြန်လည်ဆိုးရွားလာသလို တအိမ်တက် တအိမ်ဆင်း လက်ကိုင်ဖုန်းတွေပါ စစ်ဆေးလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေပြတ်လပ်မှုကြောင့် ဒိုက်ဦးအကျဉ်းထောင်က အကျဉ်းသူတွေ အရေပြားရောဂါခံစားနေရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေနဲ့ ချိုးရေ ပြတ်လပ်နေတာကြောင့် ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ခံစားနေရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သင်တောကျေးရွာကို စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၆ ယောက် သေဆုံးပြီး နေအိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ထံက သိရပါတယ်။