စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ယောက် သေဆုံးခဲ့ပြီး ၁၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနေ့ည ၉နာရီခွဲလောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာဟာ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို ပေါင် ၃၀၀ ဗုံး ကြဲချခဲ့သလို ၉ နာရီ ၃၆ မိနစ်လောက်မှာလည်း ဒုတိယအကြိမ် ဗုံးသီးအတွဲလိုက် ထပ်ချခဲ့ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မသူဇာနွယ် (၃၄ နှစ်)၊ တွန်ပီ (၂၆ နှစ်)၊ ဦးခင်မောင်လွင် (၇၀ နှစ်)နဲ့ အေးမြတ်သူဇာ (၄ နှစ်) တို့ သေဆုံးပြီး ၁၀ ယောက်ခန့် ဒဏ်ရာရခဲ့သလို နေအိမ် ၈ လုံးခန့် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

“သေဆုံး ဒဏ်ရာရတဲ့သူတွေက မိသားစုဝင်တွေလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျနော်လည်း‌ စုံစမ်းနေတုန်းပါ။ အသက် ၄ နှစ်အရွယ် ကလေးကအစပါတယ်လို့ သိရတယ်၊ သူတို့က‌ ရွှေဘိုဘက်က စစ်ဘေးရှောင်တွေ။ စစ်ဘေးရှောင်နေတာလည်း နှစ်နဲ့ချီနေပြီ။ အဲ့ဘက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အကြောင်းမဲ့ သက်သက်ကြီး လာကြဲသွားတာ” လို့  Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေဟာ ဝက်လက်မြို့နယ် အရှေ့ဘက်ခြမ်းမှာ လာရောက်စစ်ရှောင်နေတကြတဲ့ ရွှေဘိုမြို့နယ် ကုလားမရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးမှုတွေ ထပ်မံတိုးနိုင်တယ်လို့ သိရတယ်။ ဒဏ်ရာရသူတွေကိုတော့ သက်ဆိုင်ရာ ဆေးခန်းတွေမှာ ပို့ထားတယ်။ အဲ့ဘက်မှာက ပထမဦးဆုံးအကြိမ် (လေကြောင်းတိုက်ခိုက်တာ) ပါ” လို့ ကိုနဂါးလေးက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံး ပစ်ခတ်ခဲ့သည့် ရာအိမ်မှူး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ရာအိမ်မှူးဖြစ်သူ အောင်မိုးခိုင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၇ ဦး K.N.L.A ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်းနေရတဲ့ တပ်သားသစ် (၇) ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင် စစ်ကောင်စီ ရိက္ခာပို့စစ်ကြောင်းကြောင့် ဒေသခံ သောင်းနှင့်ချီ မိုးထဲရေထဲ တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကြောင့် လမ်းတစ်လျှောက်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ အရပ်သားတွေ မိုးထဲရေထဲ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
Read More

၅၄ ရက်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အသေးစိတ်ကို NUG ကာကွယ်ရေးဝန်ကြီးဌာန တရားဝင်ထုတ်ပြန်…

စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။