မြန်မာနိုင်ငံသားတွေအတွက် လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှု ပြန်လည်ရရှိစေဖို့ နိုင်ငံတကာလှုပ်ရှားမှုတွေကို သွေးသစ်လောင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း (Kim Aris) ဦးဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု All-in-One Piece ကိုစတင်ဖော်ဆောင်နေပြီလို့ သိရပါတယ်။

” All-in-One Piece ကမ်ပိန်းလှုပ်ရှားမှုက မေမေရဲ့အကြောင်းတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဒါဟာ လွတ်လပ်ခွင့်ရုတ်သိမ်းခံထားရတဲ့ နိုင်ငံတစ်ခုအကြောင်းဖြစ်ပါတယ်” လို့ ကိုထိန်လင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံတွင်းက သန်းပေါင်းများစွာသော ပြည်သူတွေ ဆက်လက်ရင်ဆိုင်ခံစားနေရတဲ့ အကြမ်းဖက်ခံရမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုနဲ့ ဖိနှိပ်ခံရမှု စတဲ့ ဒုက္ခတွေကို ထင်ဟပ်စေပါတယ်။

“ဒီတိုက်ပွဲက အချိန်အတော်ကြာနေပါပြီ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် ပေါင်းစည်းနိုင်ရင် ပိုပြီးမြန်မြန်အနိုင်ရနိုင်မှာပါ။ အားလုံး အတူတကွ ရပ်တည်တဲ့အခါ ပြိုကွဲဖို့ခက်ပါတယ်။ ကျွန်တော်တို့ အားလုံး ဟာ ဒီတိုက်ပွဲရဲ့အစိတ်အပိုင်းလေးတွေပါ ” လို့ ကိုထိန်လင်း (Kim Aris) ကဆိုပါတယ်။

နိုင်ငံတကာအစိုးရတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်‌တွေအနေနဲ့ သံတမန်ရေးအရ ဖိအားတိုးမြှင့်ပေးဖို့၊ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေ အလေးထားဖို့နဲ့ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ငြိမ်းချမ်းသောဖြေရှင်းနည်းတွေကို ထောက်ခံပေးဖို့ တိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

Video-Kim Aris – Htein Lin /All In One Piece Movement
0 Shares:
You May Also Like
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မန္တလေး Sky Villa ပြိုကျမှုအတွင်း ပိတ်မိနေသူတွေ အော်ဟစ်အကူအညီတောင်းခံ (ရုပ်/သံ)

အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အိမ်ရာအတွင်း ပိတ်မိနေသူတွေက ကယ်ဆယ် ပေးကြဖို့ အော်ဟစ်အကူအညီတောင်းနေကြတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူက ဆိုပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် မန်းဂျော်နီ ကီလိုမီတာ ၈၀ ပြေး (ရုပ်/သံ)

ဇွန်လ ၁၉ ရက် မနက်ဖြန်မှာကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီက ကီလိုမီတာ ၈၀ ပြေးခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း တော်လှန်ရေတပ်တွေ အသင့်ပြင်ထားတဲ့ နေရာသို့ ဝင်ရောက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း တောင်သာမြိုပေါ်ကနေ သာယာကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်၃တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၇ ရက်က တောင်သာမြို့ပေါ်ကနေ သာယာကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက အသင့်ပြင်ထားနေရာသို့ အရောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အဆင်သင့်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။