ထိုင်းအာဏာပိုင်တွေက အကြမ်းဖက် မြန်မာစစ်အုပ်စုအရာရှိတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို အဓမ္မပြန်ပို့မှုဟာ လူကုန်ကူးမှုကျူးလွန်ခြင်းဖြစ်တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အစီရင်ခံစာအရ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ထိုင်းအရာရှိနဲ့ အကြမ်းဖက်စစ်အုပ်စုအရာရှိတွေ ပူးပေါင်းပြီး ရနောင်း – ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသား ၃,၅၀၀ ဦးကို အတင်းအဓမ္မပြန်ပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းဥပဒေ၊ နိုင်ငံတကာဥပဒေတို့အရ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းဓမ္မ ပြန်လွှဲပြောင်းပေးပို့တာတွေက လူကုန်ကူးမှုအဖြစ်သတ်မှတ်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။
“အဲဒီလို ပြန်ပို့ခံရသူတွေအများအပြားဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ အတင်းဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူတွေ သေနတ်ထောက်ခြိမ်းခြောက်ခံရသူတွေဖြစ်တယ်လို့ ” Fortify Rights ကဆိုပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ တရားမဝင်ပူပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းရပ်တန့်သင့်ပြီး တာဝန်ယူတာဝန်ခံမှုရှိတဲ့ ယန္တရားတစ်ခုဖော်ဆောင်ကာ မြန်မာနိုင်ငံသားတွေကို အတင်းအဓမ္မပြန်ပို့တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လူကုန်ကူးခံရတာတို့ကနေ ကာကွယ်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။
“ထောင်ပေါင်းများစွာသော မြန်မာပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းဓမ္မစုဆောင်းတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သေဆုံးနိုင်ခြေရှိတဲ့ အန္တရာယ်တွေကို သိရဲ့နဲ့ မြန်မာစစ်အုပ်စုလက်ထဲကို ထိုင်းအရာရှိတွေက တွန်းပို့နေတာဟာ အလွန်ရက်စက်ကြမ်းကြုတ်ရာရောက်ပါတယ် ” ဟု Fortify Rights အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေရဲ့ ရောက်ရှိနေထိုင်မှုကို တရားဝင်စာရင်းသွင်းခွင့်ပြုပြီး အခြေခံအခွင့်အရေးနဲ့ အကာကွယ်တွေကို ရရှိနိုင်မယ့်ထိရောက်တဲ့ ခိုလှုံခွင့်လုပ်ငန်းတစ်ခုကို မဖြစ်အနေထူထောင်သင့်တယ်လို့ Fortify Rights အဖွဲ့က ဆိုပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ ဖမ်းဆီးခံထားရသူတွေရဲ့ ကိုယ်တိုင်ထွက်ဆိုချက်တွေ ပါဝင်ပြီးတော့၊ အချို့က စစ်အုပ်စုရဲ့ စစ်သင်တန်းတက်ရောက်ဖို့ အတင်းအကျပ် ခိုင်းစေခံရတယ်လို့ ထွက်ဆိုထားသလို၊ လွတ်မြောက်အောင်ကြိုးစားနိုင်လို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းနိုင်ခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်‌တွေလည်း ပါဝင်ပါတယ်။
0 Shares:
You May Also Like
Read More

တမူးမြို့အနီး ပကဖ ၁၀ ဦး ကျဆုံးခဲ့သည့်အပေါ် NUG က အိန္ဒိယအစိုးရနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေဟု ဆို

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်အနီး မြို့နယ်ပကဖ ၁၀ ယောက် ကျဆုံးခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အိန္ဒိယအစိုးရနဲ့ အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၉ ယောက် ကျည်တောင့် ၃၀၀၀ ခန့်နဲ့အတူ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ မြန်မာ ၉ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ရဲ့ နေအိမ်ကနေ ကျည်ဆန် ၃၀၀၀ နီးပါး ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် တိုက်တွန်းသည့် အမေရိကန် ကွန်ဂရက်ကြားနာပွဲအတွက် ကျေးဇူးတင်ကြောင်း CRPH ထုတ်ပြန်၊ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲနေသရွေ့ ရာဇဝတ်လုပ်ငန်းများ ရှင်သန်ကြီးထွားနေလိမ့်မည်ဟု ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲတစ်ရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော် ကိုယ်စားလှယ်တွေ ကျင်းပခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ ကြိုဆိုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင် အကူအညီများကို နိုင်ငံရေးအရ အမြတ်ထုတ်နေသည်ဟု ပြောဆိုမှုအပေါ် စစ်ကောင်စီ ကန့်ကွက်

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၈ ကြိမ်မြောက် အစည်းအဝေးအတွင်း လက်ရှိ မြန်မာ့ငလျင်ဘေးအတွက် ကူညီမှုတွေကို စစ်ကောင်စီဟာ နိုင်ငံရေးအရ အမြတ်ထုတ်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို စစ်ကောင်စီက ငြင်းဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံမှာ အကြမ်းဖက်စစ်တပ်ကို အကြမ်းဖက်စစ်တပ်ကို တရားစွဲဆိုနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေဟု NUG လူ့အခွင့်အရေးဝန်ကြီး ပြော

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေရဲ့ “လူထုတွေ့ဆုံဆွေးနွေးပွဲ”ကို မေလ ၁၈ ရက် မနေ့က ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၊ အလုပ်သမားဘက်စုံဖူလုံရေး ရိပ်သာခန်းမမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။