မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံးသွားတယ်လို့ နယ်မြေခံတွေဆီက သိရပါတယ် ။
ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ဘီးလင်းနယ်ထဲက ဖိုးဝါးသိမ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကော်မရှင်တပ်သားတွေက လက်နက်ကြီး နဲ့ ပြန်လည်ရမ်းသန်းပစ်ခတ်ခဲ့လို့ ဆိုင်ကယ်စီးလာတဲ့ ဦးကြည်လွင် (၅၃) နှစ် နဲ့ ဦးမောင်လုံး (၅၀) နှစ်တို့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသား ၂ ယောက်ထဲက တစ်ယောက်ဟာ ဖိုးဝသိမ်ရွာသားဖြစ်ပြီး၊ ကျန်တစ်ယောက်ကတော့ ရှမ်းစုရွာသားဖြစ်တယ်လို့ သိရပါတယ်။

“စစ်တပ်က စစ်ကြောင်းထိုးလာတော့ အပြန်အလှန်ပစ်ခတ်ကြတာဖြစ်ပြီး၊ သူတို့ကရွာသားတွေကိုပြန်မဲပြီး လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ဆိုက်ကယ်စီးလာတဲ့ ဦးကြည်လွင် နဲ့ ဦးမောင်လုံးတို့ကို ထိသွားတာ၊ တစ်ယောက်က သွေးထွက်လွန်ပြီးသေတယ်၊ တစ်ယောက်က ပွဲချင်းပြီသေသွားတာ” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါစစ်ကော်မရှင်တပ်သားတွေဟာ လူအင်အားထပ်မံဖြည့်တင်းထားပြီး ဖိုးဝသိမ်ရွာ နဲ့ အလူကြီးရွာထဲမှာ တပ်ဖြန့်ထားသလို အလူကြီးရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ထပ်မံရရှိတဲ့သတင်းများအရ အထက်ပါနယ်ခံက “ဖမ်းခံရတဲ့သူတွေက ရွာသားတွေပါပဲ၊ pdf တွေမဟုတ်ဘူး၊ ၃ ယောက်လုံးက ယောကျာ်းလေးတွေ၊ ဒီမနက်ထပ်သိရတာက ဖမ်းထားတဲ့ ရွာသား ၃ ယောက်လုံးကို လည်လှီးသတ်ဖြတ်လိုက်ပြီလို့ကြားတယ်” လို့ ဆက်ပြောပါတယ်။

အခုလိုကျေးရွာတွေထဲမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးတပ်စွဲထားတဲ့အတွက် ဖိုးဝသိမ်၊ အလူကြီး၊ ရှမ်းစု အစရှိတဲ့ ကျေးရွာကပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပုံစာ – စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်သေဆုံးသွားသူများ
0 Shares:
You May Also Like
Read More

နိုဝင်ဘာလအတွင်း ဗိုလ်မှူး (၁) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့

နိုဝင်ဘာလအတွင်း အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တဲ့ ဗိုလ်မှူး (၁) ယောက် အပါအဝင် စစ်သားနဲ့ ရဲ (၃၃) ယောက်ဟာ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်မှာ အသိပေး ထုတ်ပြန်လာပါတယ်။ 
Read More

ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းတွင် ကျဆုံးဟု CRPH ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးမှာ ကျဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နေပြည်‌တော်လမ်းပိုင်းမှာ PLA က ၃နာရီကြာ ထိန်းချုပ်စစ်ဆေးစဉ် စစ်ကောင်စီ ဗိုလ်မှူး၊ တပ်ကြပ်နှင့် ရဲဒုတပ်ကြပ်တို့ကို ဖမ်းမိ၊ အပြန်လမ်းမှာ တိုက်ပွဲဖြစ်ပြီး သုံ့ပန်း ၃ ဦးလုံး သေဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာမှာ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု - ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ၃ နာရီကြာ လမ်းထိန်းချုပ်ထားစဉ်မှာ ကပစ ဗိုလ်မှူး ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်းမှ ပညာရေးဝန်ထမ်းများ မဲရုံမှူး သင်တန်းအတွက် နေပြည်တော် သွားရမည်ဟု ဆို

ပဲခူးတိုင်းအနောက်ခြမ်း မြို့နယ်တွေက ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက တရားမဝင် ရွေးကောက်ပွဲအတွက် မဲရုံမှူးသင်တန်းပေးဖို့ နေပြည်တော်ကို စတင်ပို့ဆောင်နေပြီ ဖြစ်တယ်လို့ ဒေသခံ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
Read More

မင်းတပ်နဲ့ ဖလမ်း မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ အညံ့ခံ၊ တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ချင်းပြည်နယ်မှာ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ မြို့သိမ်းစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆၈ ယောက်နဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံပြီး စစ်တပ်စခန်းတွေနဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းချင်းကျေးရွာမှ ပျူစောထီး ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။