ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်ကို အနယ်နယ်အရပ်ရပ်က ကျားဖောင်လုပ်ငန်းလုပ်ဖို့ ရောက်ရှိလာတဲ့သူတွေကိုပါ အကြမ်းဖက်စစ်တပ်က စည်းရုံးခေါ်ယူကာ စစ်သင်တန်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တွေထဲမှာ အရပ်သားတွေကို စစ်သင်တန်းပို့ချနေတယ်ဆိုတာကတော့ ရိုးနေပါပြီ။ အမြို့မြို့ အနယ်နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်သင်တန်းပို့ချနေကြတာပဲလေ။ အခုက အဲလိုသာမန်လူတွေကို စစ်သင်တန်းပို့ချတာမဟုတ်ဘဲ ရပ်ရွာတွေမှာ ဆိုးသွမ်းနေတဲ့ ခိုးဆိုးလုနှိုက် ထောင်ထွက်တွေကို ပေးနေတာက တိုင်းပြည်အတွက် ရင်လေးစရာဖြစ်နေတယ်လို့ ဘိုလေးမြို့ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

တချို့အကျဉ်းထောင်တွေမှာ ခိုးဆိုးလုနှိုက် ရာဇဝတ်မှုတွေနဲ့ ထောင်ကျထားသူတွေကို စစ်တပ်က ချုပ်ရက်မစေ့သေးဘဲ လွှတ်ပေးကာ စစ်တပ်ထဲဆွဲခေါ်၊ စစ်သင်တန်းပေးတာတွေ လုပ်နေတယ်လို့ အထက်ပါ ဒေသခံက သူ့အမြင်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးရှုံးနိမ့်မှုတွေကြောင့် စစ်သားအင်အား လျော့နည်းလာကာ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး အရပ်သား အမျိုးသားတွေကို စစ်သားစုဆောင်းရေး လုပ်ဆောင်သလို တစ်ဖက်မှာလည်း ခိုးဆိုးလုနှိုက်တွေ ရာဇဝတ်သားတွေကိုပါ စစ်အင်အားထဲ ထည့်သွင်းနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ် လက်နက်ငယ် ပစ်ခတ်မှု သင်တန်းပေးနေပုံ
0 Shares:
You May Also Like
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထနောင်းကုန်းပျူစောထီးရွာတွင် ၃ရက်တာ ထိတွေ့တိုက်ပွဲဖြစ် စစ်အုပ်စုဘက်မှ ၅ဦးသေပြီး မြင်းခြံခရိုင် တပ်ရင်း (၃) ရဲဘော် ၁၀ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ 9/A Nyar Myae စစ်ဆင်ရေးအဖြစ် စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၃ရက်ဆက်ဖြစ်ပွားပြီး ပျူစောထီး ၅ယောက် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ထိခိုက်​မှုတွေရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်-၃တပ်ရင်း တာဝန်ရှိသူ ဗိုလ်မူတူးက မောင်းကိုပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ က စစ်ကောင်စီတပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ ဇဝဲရွာ အခြေစိုက် ခမရ ၅၅၆ တပ်ရင်းက စစ်ကောင်စီ တပ်သား ၁ ယောက် သေနတ် ၁ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ခင်မွန်ရွာ ဒေသခံ ၂၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးထား၊ နွားကျောင်းသား ၁ဦးကိုလည်း ပစ်သတ်ကာ မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာက ဒေသခံ အယောက် ၂၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးထားပြီး နွားကျောင်းသားတစ်ယောက်ကိုလည်း မီးရှို့သတ်သွားတယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်တပ် ရွေးကောက်ပွဲ ဆန့်ကျင်ရေး Millions People Movement တွင် ၁ ပတ်အတွင်း ပါဝင်သည့် ပြည်သူ တသန်းခွဲကျော်အထိ ရှိလာ

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒမဲပေးနိုင်တဲ့ Millions People Movement မှာ ပါဝင်လာတဲ့ ပြည်သူအရေအတွက် တသန်းခွဲကျော်အထိ ရောက်ရှိလာနေပြီလို့ သိရပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။