ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဆေးရုံကြီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မနေ့ည ၉ နာရီကျော်အချိန်မှာ မြောက်ဦးမြို့က အရပ်သားပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ ဆေးရုံကို အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၃ ယောက် သေဆုံးခဲ့ရပြီး ၇၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းတွေကို တင်ဆက်နေတဲ့ Arakan Princess Media က ဖော်ပြပါတယ်။

မနေ့က ဒီဇင်ဘာ ၁၀ ရက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်ပြီး ဒီလိုနေ့မျိုးမှာ စစ်ကော်မရှင်က အရပ်သားပြည်သူတွေရှိရာ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့တာပဲ ဖြစ်ပါတယ်။

(ဓာတ်ပုံ WaiHunAung/ အရက္ခမင်းသမီး)

0 Shares:
You May Also Like
Read More

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို တည်ဆောက်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲကြေညာ၊ MNDAA ရဲ့ ရှေ့မတိုးနောက်မဆုတ် ကြေညာချက်ကို တန်ပြန်ထုတ်ပြန်ခြင်းဟု လည်းဆို

ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးကို အခြေခံမူများနဲ့ အညီ တည်ဆောက်သွားမယ်လို့ တော်လှန်ရေးအင်အားစု ၉ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

ဝန်းသို နမ်းခမ်းရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၃၀ ထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက နမ်းခမ်းရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ဂန့်ဂေါတွင် ခလရ ၅၀ တပ်မှ စစ်ကြောင်းဝင်၊ ဒရုန်းဗုံးကြဲမှုများ ဆက်တိုက်လုပ်ဆောင်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ခလရ ၅၀ တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တွေဟာ ပျားကျေးရွာကို ဝင်ရောက်ရင်း ကျေးရွာပတ်ပတ်လည်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။
Read More

ဖားဆောင်းမြို့တွင်း ကလလတ တပ်ရင်း ၉၄၂၅ ၏ စစ်ရေးလှုပ်ရှားမှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့တွင်း စစ်ရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA) တပ်ရင်း (၉၄၂၅) က ပြုလုပ်နေတဲ့ Cover Fighter's Projects က မတ်လ (၁၉)ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။