မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၇ နာရီခွဲဝန်းကျင်ခန့်မှာ ကျောက်ပြုတ်ရွာကနေ အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက အသင့်ထောင့်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ယောက်ခန့် ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး နောက်ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့၊ myingyam DangerDynamiteအဖွဲ့နဲ့ ပ.က.ဖအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့

0 Shares:
You May Also Like
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်ရေကန်တိုက်ပွဲတွင် စစ်အုပ်စုဘက်မှ အယောက် ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း အလင်းဝင်လာသည့် စစ်ကော်မရှင်တပ်သား ထွက်ဆို (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းကနေ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား ၅ယောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ်-၂ တပ်ရင်းထံ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် မိုးဗြဲ Local PDF ရဲဘော်များ (ရုပ်/သံ)

ရှေ့တန်းစစ်မြေပြင်မှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေတဲ့ ရဲဘော်တွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းရုပ်သံကို မိုးဗြဲ Local PDF က မနေ့က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထီးကလယ်စခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၄ ဦးအား ဖမ်းဆီးရမိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးကလယ်စစ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေထဲက ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်က အတွေ့အကြုံ ရှိပြီးသားမို့ တာဝန်ပေးရင် သမ္မတလုပ်နိုင်တယ်လို့ ဇော်မင်းထွန်း ပြော (ရုပ်/သံ)

ဒီနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ မင်းအောင်လှိုင် သမ္မတ လုပ်နိုင်တယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့်တပ်မ(၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တတ/၁၂၅၇၈၁ တပ်သား-နိုင်လင်းထွန်း ပြောကြားချက် ( ရုပ်/သံ)

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ ဒါတွေ ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။