စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကိုင်းမြို့ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂ယောက်သေပြီး ၆ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း BLDF-တပ်ခွဲ(အညာမိုင်း)တပ်ဖွဲ့ထံက သိရပါတယ်။
အောက်တိုဘာ ၂ ရက်၊ နေ့လည်ပိုင်းက စစ်ကိုင်းမြို့ဘက်ကနေ ထွက်ခွါလာတဲ့ အကြမ်းဖက် စစ်ကား ၆ စီးကို အလ္လကပ္ပကျေးရွာအနီး မန္တလေး-မုံရွာလမ်းပိုင်းပေါ်မှာ မိုင်း ၂ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီယာဥ်တန်းရဲ့ ၄စီးမြောက်ကားဟာ မိုင်းဆွဲခံလိုက်ရတာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေကို ကားပြောင်းတင်ရင်း တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ချောင်းဦးမြို့အခြေစိုက် Burma Liberation Democratic Front-တပ်ခွဲ(အညာမိုင်း)နဲ့ ဒေါင်းဘုရင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကနေ အထိအခိုက်မရှိ ပြန်ပြီးဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့နဲ့ ၂၉ရက်နေ့တွေကလည်း မုံရွာ- မန္တလေးလမ်းပိုင်းမှာ ကင်းယူဖို့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ပုံစာ – BLDF အညာမိုင်းတပ်ဖွဲ့ဝင်များ
0 Shares:
You May Also Like
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးအဖွဲ့တွေကို အကြမ်းဖက်သမား၊ စစ်တပ်ကို တိုင်းပြည်ကာကွယ်သူအဖြစ် ရှုမြင်တဲ့ ဗိုလ်ကြီး ညီညီအောင်နဲ့ စစ်တပ်သတင်းပေးကို KNU ထံ လွှဲပြောင်းထား

ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံတွင် ကျောင်းထိုင်ဘုန်းကြီး ၁ပါးနှင့် ကပ္ပိယဖြစ်သူတို့​ ကျောင်းဝန်းအတွင်း ပစ်သတ်ခံရ

ရှမ်းနဲ့ ကရင်နီအစပ် ဖယ်ခုံမြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီး ၁ပါးနဲ့ အမျိုးသား ၁ ယောက် သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်သွားမယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ (၁၀၀၆ တပ်ရင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF ‌ဗျူဟာအမှတ်(၉) သင်တန်းသားများ၏ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်(၉) / ရှမ်းပြည်တောင်ပိုင်း အမျိုးသားများကာကွယ်ရေးတပ် (SSNDF) ရဲ့ စစ်သင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းသားတွေရဲ့ သင်တန်းကာလ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် လေ့ကျင့်မှု ပုံရိပ်တွေကို SSNDF က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ရေးတင်းမာနေသည့် မတ္တရာတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းပစ်နေ၊ မတ်လ ဒုတိယပတ်အစမှာ အရပ်သား၂ ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား၂ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။
Read More

ငလျင်ဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့ စကစ ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရ၊ ခွင့်ပြုချက်ရတာနဲ့ ကူညီမှုတွေ စတင်မယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ပြော

ယမန်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းထန်ငလျင်ကြောင့် ထိခိုက်သူတွေကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးနိုင်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း၊ ခွင့်ပြုမိန့်ရတာနဲ့ ကူညီမှုတွေ စတင်မှာဖြစ်တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF, Myanmar) က သတင်းထုတ်ပြန်ထားပါတယ်။