နွေဦးတော်လှန်ရေးရဲ့အခြေအနေတွေကြောင့် လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်ဖို့ လိုအပ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဆိုလိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ အပြင်မထွက်၊ အသံတိတ်သပိတ်ပြုလုပ်ပြီး လူထုလှုပ်ရှားမှုတစ်ရပ် ဆင်နွှဲကြဖို့ရှိပါတယ်။

ပြည်သူလူထုအနေနဲ့ အသိဉာဏ်နဲ့ယှဉ်ကာ တော်လှန်ကြရမှာဖြစ်ပြီး စစ်အုပ်စုအကျိုးစီးပွားနဲ့ စစ်ဗိုလ်ချုပ်တွေ ရှင်သန်ဖို့ ဂုတ်သွေးစုတ်မယ့်ရွေးကောက်ပွဲအတုကို တုံ့ပြန်ကြရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီရွေးကောက်ပွဲအတုကြီးပြီးလည်း တော်လှန်ရေးဆက်လုပ်မယ်။ လူထုအင်အားကို ကျွန်တော်တို့ယုံတယ်။ ယုံကြည်မှုရှိရှိနဲ့ ဒီခရီးရဲ့ မျှော်လင့်ချက်ပန်းတိုင်ကိုဆက်ပြီးဆုပ်ကိုင်ချီတက်ပါ။ လူထုတိုက်ပွဲ စစ်ရေးတိုက်ပွဲတွေနဲ့ တော်လှန်ရေးက ဆက်ရှိနေမယ်“ လို့ ရေးသားထားပါတယ်။

လာမယ့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ဟာ တိုင်းပြည်ကို အာဏာရှင် ချောက်နက်ကြီးထဲ၊ ဆင်းရဲမွဲတေမှု ချောက်နက်ထဲ တွန်းပို့မယ့် ထောင်ခြောက်ဆိုတာ မိဘပြည်သူတွေ အသိဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မဲမပေးဖို့၊ စစ်တပ်ကို လူရာ ဝင်အောင် မလုပ်ဖို့ နှိုးဆော်တိုက်တွန်းနေကြပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံများစွာကလည်း အသိအမှတ်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဒီဇင်ဘာ ၃ ရက်နေ့ မန္တလေးဈေးချိုအနီးတွင် ဆန္ဒပြနေသည့် ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုးနှင့် ကိုတေဇာဆန်း
0 Shares:
You May Also Like
Read More

ရွှေဘို-မန္တလေးလမ်းပိုင်းရှိ စစ်အုပ်စုတပ်စွဲရာ ရွာကို ပကဖတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၄ ဦး သေပြီး ပကဖတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်အုပ်စုအထိုင်ချနေရာကို ဝင်ရောက်တိုက်ခိုက်ရင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၄ ယောက်ထက်မနည်း သေဆုံးပြီး ပကဖတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ ကြောင်ရိုင်း-ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘဏ္ဍာရှာဖွေရေးတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

NUG ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်မှုများ ရှိနေပြီး တော်လှန်ပြည်သူများ သတိပြုကြရန် လွတ်လပ်သော CDM အင်အားစု တိုက်တွန်း

တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
Read More

ချောက်မြို့နယ် ကိုင်းထောက်ကန်ရွာကို ဝင်လာသည့် စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ ၁၁ ဦး ဒဏ်ရာရ၊ စစ်တပ်က လူနေအိမ် ၃ လုံးကို မီးရှို့ကာ ပြည်သူတစ်ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကိုင်းထောက်ကန်ရွာကို ဝင်ရောက်လာတဲ့ စစ်အုပ်စု မိုင်းဆွဲပစ်ခတ်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ကျောက်ကြီးနဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ဦးသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ထုတ်ပြန်ထားပါတယ်။