လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။

ဒီနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ဘုံကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် လားရှိုးမြို့ ရပ်ကွက် ၈ က ၁၂၁ အနောက်တိုက်ကို ၂ ကြိမ်နဲ့ ရပ်ကွက် ၅ က သမိုင်းဝင် တရုတ်ဘုံကျောင်းကို ၂ ကြိမ် ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တာပါ။

လေကြောင်း ဗုံးကြဲမှုအတွင်း ရပ်ကွက် ၅ က ကွမ်ရင် ဘုရားကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်း အဆောက်အဦတွေ အများအပြား ပျက်စီးခဲ့ရပါတယ်။

စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ရပ်နားခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့မှာ လေယာဉ်ဗုံးကြဲမှုတွေ ပြန်လည် စတင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လားရှိုးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၁ယောက် သေဆုံးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်တွင် ပြည်သူပိုင်ပစ္စည်းများ ခိုးယူနေသည့် စစ်အုပ်စု ၂ ကြိမ်ဆက် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ပုဇွန်မြောင်းကျေးရွာမှာ အရပ်သားပိုင်ပစ္စည်းတွေ ခိုးယူသယ်ဆောင်နေတဲ့ စစ်အုပ်စုနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လားရှိုးအနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ဗုံးတွေ ကြဲချတိုက်ခိုက်လို့ ပြည်သူ ၃ ယောက် သေဆုံး

လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၃ ယောက်သေဆုံးခဲ့ရပြီး ၂ယောက်ဒဏ်ရာရရှိခဲ့ကြောင်း MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပြင်ဦးလွင်ခရိုင်၊ ၅၁၂ တပ်ရင်းရဲဘော်တွေကို တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင် မုန့်ဖိုးတွေ ပေးပို့ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင်၊ အမှတ် ၅၁၂ တပ်ရင်းက ရဲဘော်တွေအတွက် တော်လှန်ပြည်သူတွေက နှစ်သစ်လက်ဆောင်မုန့်ဖိုးတွေ ပေးပို့ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။