ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို ပြောက်ကျားဝတ်စုံ ဝတ်ထားမှုကြောင့် အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့က နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန် ရွာထဲမှာ လေဖြန်းပြီး ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၆ နှစ်အရွယ် ဦးညီညီကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“သူက လေဖြတ်ထားလို့ မပြေးနိုင်ဘူး။ စိတ်လည်း မမှန်တဲ့သူ တစ်ယောက်ပါ။ စစ်ကြောင်းလာတော့ ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တာ။ သူက အင်္ကျီပြောက်ကျားဝတ်ထားလို့ သတ်ပစ်တာလို့ ပြောတယ်” လို့ နတ်တလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ငုတ်တိုရွာကို အရင်ကလည်း စစ်အုပ်စု စစ်ကြောင်းထိုးတာမျိုး ရှိခဲ့ပေမယ့် အခုလို အသတ်ခံရတာ ပထမဆုံးအကြိမ် ဖြစ်ပြီး အသတ်ခံရတဲ့ ဦးညီညီမှာ မိန်းမနဲ့ ကလေးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။ စစ်အုပ်စုကြောင့် နောက်ထပ်သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေကြားနေရပေမယ့် အကြမ်းဖက်စစ်ကြောင်းက ရွာထဲ တပ်စွဲထားတဲ့အတွက် အတိအကျ မသိရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

“နောက်ထပ် အသတ်ခံရသူတွေလည်း ရှိတယ်လို့ ကြားပေမယ့် အတိအကျ စုံစမ်းမရသေးပါဘူး။ လက်ရှိ ငုတ်တိုရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်” လို့ အထက်ပါ ‌ဒေသခံက ပြောခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

စစ်လက်နက် အသုံးအဆောင်ပစ္စည်းများ အရည်အသွေးမြင့်အောင် ထုတ်လုပ်ရန် မင်းအောင်လှိုင် မှာကြား 

လက်ရှိအသုံးပြုနေတဲ့ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို အရည်အသွေးမြင့်အောင် ထုတ်လုပ်ဖို့ ကြိုးစားရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ 
Read More

ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်တပ်စခန်းကုန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးပြောက်ကျားတပ် - YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ငူမြို့နယ်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေပစ်ခတ်တိုက်မှု အထိအခိုက်များနိုင်

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်မှု​မှာ တပခ ဝန်းထဲ ထိခိုက်မှုတွေများနိုင်ကြောင်း Brave Warriors For Myanmar (BWM) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သရက်ချောင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာ နေအိမ်များကို စစ်အုပ်စု မီးရှို့ဖျက်ဆီး၊ တန်ဖိုးရှိ ပစ္စည်းများကို သယ်ဆောင်သွား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် စစ်အုပ်စုက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်က မရမ်းကုန်းမြို့နယ်မှာ လျှပ်စစ်မီတာဘောက်ကတဆင့် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းမှာ လျှပ်စစ်မီတာဘောက်ကတစ်ဆင့် Level 2 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။