မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ၄ လအတွင်း နိုင်ငံတစ်ဝှမ်း အရပ်သား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း ၅၆ခုကို ကျူးလွန်ခဲ့ပြီး အနည်းဆုံး အရပ်သား ၆၄၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ထံက သိရပါတယ်။

၂၀၂၄ ခုနှစ်၊ မေလကနေ သြဂုတ်လအထိ ၄လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက လူ () ယောက်နဲ့ အထက် သေဆုံးစေခဲ့တဲ့ အရပ်သားအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်ပေါင်း အနည်းဆုံး (၆၀) လောက်မှာ စစ်အုပ်စုလက်ချက်နဲ့ ဖြစ်စဉ် (၅၆) ခု အနည်းဆုံးရှိခဲ့ပြီး အရပ်သားပြည်သူ စုစုပေါင်း ၆၄၃ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ စစ်ကြောင်းဝင်ရောက်သတ်ဖြတ်မှုတွေ အများဆုံးကျူးလွန်ခဲ့ပြီး ဒရုန်းနဲ့တိုက်ခိုက်တာတွေ အပါအဝင် တခြားပုံစံတွေနဲ့လည်း ကျူးလွန်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်စဉ်တွေကြား အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သုတေသနစာတမ်းမှာ ပါဝင်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၂၇၁ ယောက်ဆိုတဲ့ အရေအတွက်ဟာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရေအတွက် စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်း အထိရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုး ဝင်ရောက်ပြီး သတ်ဖြတ်ခံရတဲ့ ဖြစ်စဥ် ၈ခုမှာ အရပ်သား ၁၅၅ ယောက်သေဆုံးခဲ့ကာ စစ်တွေမြို့နယ်မှာ ၇၆ယောက်နဲ့ အများဆုံးဖြစ်ခဲ့ကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုဖြစ်စဥ် ၁၄ ခုမှာ အရပ်သား ၁၁၉ ယောက်အထိ သေဆုံးကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၇၆ ယောက်နဲ့ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင်အကြမ်းဖက်စစ်အုပ်စုရဲ့အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်၊မီးရှို့သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်၇ခုကြောင့်အရပ်သား၇၂ယောက်သေဆုံးခဲ့သလို၊ဒရုန်းအသုံးပြုသတ်ဖြတ်ခဲ့လို့၇ယောက်သေဆုံးပြီးနှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေကြောင့်လည်းအယောက်၆၀ကျော်နီးပါးသေဆုံးခဲ့ကြောင်းဉာဏ်လင်းသစ်သုတေသနအဖွဲ့ကထုတ်ပြန်ပါတယ်။

နိုင်ငံနဲ့တစ်ဝှမ်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဖြစ်စဉ် ၆၀ ခုထဲမှာ ကျူးလွန်တဲ့ အဖွဲ့အစည်းကို မသိရှိရတဲ့  ဖြစ်စဉ် ၄ ခုလည်း ရှိခဲ့ပြီးသေဆုံးသူ ၆၂ ယောက် ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မေလ ၁၁ ရက်နေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်သတ်ခဲ့တဲ့ မြင်းမူမြို့နယ်၊ လက်ထုတ္ထောရွာ စစ်ရှောင်ဒေသခံများ
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်မှ ကုန်ပစ္စည်းများ သယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ပြည်သူများ အခက်တွေ့နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကနေ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို အရေအတွက် ကန့်သတ်လိုက်တာကြောင့် ပခုက္ကူမြို့နယ်က ကုန်စည်စီးဆင်းမှုကို မှီခိုနေရတဲ့ ခရိုင်အတွင်းက ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲမှုဟာ ရှမ်းမြောက် စစ်မီးပြန်လည်လောင်ကျွမ်းမှု အန္တရာယ်ကို တိုက်ရိုက်မြှင့်တင်လိုက်ခြင်း ဖြစ်ကြောင်း MNDAA ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် လူနေရပ်ကွက်ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုဟာ “စစ်ပြေငြိမ်းရေး” ကို စစ်မက်အရိပ်အာဝါသ ဖုံးလွှမ်းသွားခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
Read More

အမေရိကန်ရောက် မြန်မာတွေရဲ့ တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရောက် မြန်မာလူမျိုးတွေက လက်ရှိ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission) ရှေ့မှာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချပွဲကို  ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
Read More

ငလျင်အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရင် စစ်ကောင်စီရဲ့ ခွင့်ပြုချက်လိုအပ်ဟု စိုးဝင်း ပြော

ငလျင်အတွက် ကယ်ဆယ်ရေးအဖွဲ့တွေအားလုံး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရမှာသာ လုပ်ဆောင်ရမယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

အမ်း နပခ ကျပြီ၊ ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိတယ်လို့ AA အတည်ပြု

ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူးနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ AA က တရားဝင် အတည်ပြုလိုက်ပါတယ်။