မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက ပျူစောထီးတွေ စီးနင်းလာတဲ့ကားကို ရဲဘော်ဒီးနဲ့ ရဲဘော် ဓာတ်ဗူး ဦးဆောင်တဲ့ ရဲဘော် ၁၀ ယောက်တပ်ဖွဲ့က ညောင်ဦး-မြင်းခြံလမ်းပိုင်းတစ်နေရာအရောက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ် ။

“အပြန်အလှန် ပစ်ခတ်မှု မရှိဘူးဗျ။ အားလုံး နေရာတင်သေတာ၊ ကားပေါ်ပါလာသမျှ အမျိုးသမီး ပျူ ၄ဦး၊ အမျိုးသား ၁ဦး အကုန်သေတာဗျ။ သူတို့က တစ်မိုက်သာဂိတ်ကနေ ကင်းပတ်တာဗျ” လို့ ပခုက္ကူမြို့နယ် ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကားပေါ်ပါတဲ့ ပျူ  ၅‌ ယောက်လုံး သေဆုံးပြီး G4 သေနတ် ၁ လက်၊ ကာဘိုင် ၂ လက်နဲ့ ကျည်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

Video – ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ်မီးရှို့နေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၇ ဦးသေ၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း အင်အား ၁၈၀ ခန့်နဲ့ ရွာစဉ်ပတ်မီးရှို့နေတဲ့ အကြမ်းဖက်စစ် သားတွေကို တိုက်ခိုက်ခဲ့ရာ ၁၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့မှာ မတ်လ ပထမလဝက်အတွင်း ပြည်သူနေအိမ် (၁၅) လုံးနှင့်အထက် ထိခိုက်ပျက်စီး (ရုပ်/သံ)

၂၀၂၅ ခုနှစ်၊ မတ်လ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူနေအိမ် (၁၅) လုံးနဲ့အထက် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ၊ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက မတ်လ ၁၆ ရက် ဒီနေ့မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

ပေကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်က ပေကြီးရွာမှာ ယာယီတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင်-တပ်ရင်း ၄ ထံက သိရပါတယ်။
Read More

PDF Zoland ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းပုံရိပ်တွေကို ထုတ်ပြန် (ရုပ်/သံ)

ခက်ခဲကြမ်းတမ်းတဲ့ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကို တက်ရောက်သင်ကြားနေတဲ့ ရဲဘော် သင်တန်းသူ၊ သင်တန်းသားတွေရဲ့ လေ့ကျင့်ရေး ပုံရိပ်တွေကို PDF Zoland မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်၊ သင်္ဘော ၁ စီး မီးလောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းနဲ့ ပျူစခန်းတွေကို ရိက္ခာနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီသင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစုတပ်ဖွဲ့ (CSRAF) ထံက သိရပါတယ်။