ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်သူတွေဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူတွေထဲက လင်းထက်အောင် (ခေါ်) Error ဆိုသူကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်နဲ့နီးစပ်သူတွေထံက သိရပါတယ်။
သေဆုံးသူ လင်းထက်အောင်ဟာ စစ်ကြောရေး ပြုလုပ်ခံရစဉ်မှာ မျက်လုံးတစ်ဖက် အဖောက်ခံထားရပြီး နံရိုးတွေ ကျိုးကြေနေသလို ဝမ်းဗိုက်မှာလည်း ဆေးလိပ်မီးနဲ့ ထိုးခံထားရတယ်လို့ သိရပါတယ်။
“သူတို့စစ်ဆေးစဥ် ညှင်းပန်းနှိပ်စက်လို့ အသက်သေသွားတာကို အလောင်းဖျောက်ပစ်ဖို့ လုပ်သေးတယ်။ စရဖက သူရဝင်းက မလိုဘူးရတယ်ဆိုပြီး မအူပင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို ပို့ခိုင်းလိုက်တာ။ ရဲတွေဝင်စစ်တာမဟုတ်ဘူး။ စရဖကပဲ စစ်ဆေးတာ။ ပန်းတနော်နဲ့ ညောင်တုန်းက လာစစ်ဆေးတာ။ သူရဝင်းက မအူပင်သား။ သူကပန်းတနော်မြို့မှာ ယာယီတာဝန်ကျနေရာကနေ လာစစ်တာ.. သူ့လက်ချက်နဲ့သေတာ။” လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကိုပြောပါတယ်။
“စရဖ ဗိုလ်ကြီးအဆင့်ရှိတဲ့ ကောင်းမြတ်ကတော့ မအူပင်မြို့မှာ တပ်စုမှူးအနေနဲ့တာဝန်ကျနေတာ။ သူတို့က နိုင်ငံရေးနဲ့ပတ်သက်သူတွေလို့ စွပ်စွဲဖမ်းဆီးခံရသူတွေဆိုရင် သူတို့ကိုယ်တိုင် စစ်ဆေးတာတွေလုပ်နေတာ”လို့ အထက်ပါ သတင်းရင်းမြစ်က ထပ်ပြောပါတယ်။
ကရင်ပြည်နယ်မှာ စစ်သင်တန်း တက်ရောက်ခဲ့သူတွေအနေနဲ့ စွပ်စွဲဖမ်းဆီးခံထားရသူ ၁၆ ယောက်ထဲမှာ အမှန်တကယ် သင်တန်းတက်ခဲ့သူက ၁ ယောက်သာဖြစ်ပြီး ကျန်တဲ့ ၁၅ ယောက်ကို စစ်တပ်က လုပ်ကြံဖမ်းဆီး စစ်ဆေးနေတာဖြစ်တယ်လို့ ကရင်ပြည်နယ်မှာ စစ်သင်တန်းပို့ချနေသူတွေထံက သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်တပ် မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ လင်းထက်အောင် (ခေါ်) Error
0 Shares:
You May Also Like
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ဂျပန် ဖိုက်တာ တာခဲရူကို မြန်မာလက်ဝှေ့ကျော် သန့်ဇင် ရှုံးနိမ့်

ONE Friday Fights - 81 ၏ကစ်ဘောင်ဆင် ဖလိုင်းဝိတ်တန်းပွဲစဥ်တွင် ဂျပန်ကစားသမား တာခဲရူကမြန်မာ့လက်ဝှေ့ကျော် သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။
Read More

ဖြူးမြို့နယ်မှာ အာဠာဝကစစ်ကြောင်းက ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်း ​ရေ​ဘေးသင့်ပြည်သူတွေကို ကူညီပေးခဲ့တဲ့ ဘာသာ​ပေါင်းစုံ လူမှူ​ရေးအဖွဲ့အစည်းတွေ ကျေးဇူးတင်ကြောင်းနဲ့ ပြန်လည်ထူ​ထောင်​ရေး လုပ်ငန်းတွေကိုလည်း ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃ - အာဠာဝကစစ်​ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

နွားစာရိတ်ဖို့ ထွက်လာတဲ့ ပျုစောထီး စနိုက်ဘာနဲ့ ပစ်ခံရလို့ သေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ သရက်ကန်ပျူရွာက သိန်းတန် အမည်ရှိ ပျုစောထီးတစ်ယောက်ဟာ နွားစာရိတ်ဖို့ ထွက်လာချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး၊ ကျည်ထိမှန်သေဆုံးသွားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု- PLC တပ်ဖွဲ့ထံမှ သိရပါတယ်။ နိုဝင်ဘာ ၁ ရက်၊ ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ အဲဒီပျုစောထီးတပ်သားဟာ သရက်ကန်ပျုရွာ အနောက်မြောက်ဖက်ခြမ်းရှိ မြေပဲခင်းဆီကို နွားစာရိတ်ဖို့ ထွက်လာချိန်မှာ စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရင်ဘတ်ကိုထိမှန်ကာ သေဆုံးသွားတယ်လို့ သိရတာပါ။
Read More

တိုင်းဗဟိုအမှတ် (၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စစ်မှုထမ်း ၄ ဦး ထွက်ပြေးအလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ် (လယ်မူလားမြို့နယ်) မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား ၄ယောက် KNLA တပ်မဟာ (၄)၊ KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။