ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်းက ရှေ့တန်းရောက်ရဲဘော်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် “အောင်ဖို့လှမ်းလာ စစ်ဝတ်တန်ဆာ” ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဆိုပါကမ်ပိန်းကနေ ရရှိလာတဲ့ ငွေကြေးတွေကို ရှေ့တန်းထွက်ရမယ့် ရဲဘော်တွေလိုအပ်တဲ့ စစ်ဝတ်တန်ဆာ တပ်ဆင်ပေးပြီး ရဲဘော်ရဲ့ အသက်အန္တရာယ်ကို တစိတ်တပိုင်း ကာကွယ်ပေးသွားမယ်လို့ ဆိုပါတယ်။

ကမ်ပိန်းကာလကိုတော့ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်ကနေ စတင်လိုက်ပြီး သိန်း ၇၅၀ ရရှိနိုင်ဖို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

Video – Pakokku Generation Z

0 Shares:
You May Also Like
Read More

မင်းတုန်းမြို့နယ်အတွင်း တိုင်းအဆင့်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုင်းအဆင့် ရဲမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းမြို့နယ်အတွင်း စစ်အုပ်စု၏ အဓမ္မပေါ်တာဆွဲခံထားရသည့် တပ်သား ၁ ဦး အလင်းဝင် (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းက တပ်သား ၁ ယောက် လက်ပံတန်းမြို့နယ်ပကဖအဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ယနေ့မနက် နမ္မတူမြို့ အရပ်သားများနေထိုင်ရာ ရပ်ကွက်အတွင်း စစ်ကော်မရှင် လေကြောင်းဗုံးကြဲ (ရုပ်/သံ)

ရှမ်းပြည်နယ်၊ နမ္မတူမြို့ လူနေရပ်ကွက်အတွင်း စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်း ကျေးရွာမှာ ဝင်ရောက်တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေကို ‌တော်လှန်ရေးတပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းရှိ အုတ်မြေတူးရွာအတွင်း ဝင်ရောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းက တော်လှန်ရေးပူးပေါင်း တပ်တွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကီးကူစစ်ကြောင်းထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲမှ Light Truck ယာဉ် ၂ စီးဖြင့် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်၊ စစ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်ထဲကနေ Light Truck ယာဉ် ၂ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပေပါမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံက သတင်းထုတ်ပြန် ထားပါတယ်။
Read More

လောင်းလုံးမြို့နယ် မြို့မရဲစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်သား ၁ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ Dawei District People’s Defence Frontier က သတင်းထုတ်ပြန်ထားပါတယ်။