ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ၊ လေးကေ့ကော်ကို စစ်ကြောင်းထိုးနေတဲ့ တပ်မ ၂၂ က စစ်သား ၂ ယောက် ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အဆိုပါ စစ်သား ၂ယောက်ဟာ နိုဝင်ဘာ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်ကြောင်းကနေ ထွက်ပြေးလာကာ ကော်ဘရာစစ်ကြောင်းထံ အလင်းဝင်ခဲ့တာဖြစ်ပါတယ်။ လက်နက်နဲ့တကွ အလင်းဝင်လာခဲ့တဲ့အတွက် ဗိုလ်မှူး စောဒါဘောက တစ်ယောက်ကို ကျပ် သိန်း ၃၀ စီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေ အလင်းဝင်လာမှုနဲ့ ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး စောကော်ကလည်း “၂၂ ကတော့ တစ်ဖြုတ်ဖြုတ်ကြွေပီး တိုးတိတိုးလေး ဝင်လာဒါကို သတိထားမိမှာပါ ဒီလိုဖြစ်လာအောင် မို့လို့ကို့ ဆိုတဲ့ လူငယ်တစ်ယောက်ကလဲ နေ့မနားညမနားပဲ ဦးဆောင်နေလို့ပါ နောက်လိုက်တွေကလဲ တကယ့်နောက်လိုက်ကောင်းတွေဆိုတော့ ဒီထက်မက အောင်မြင်မှုတေ တွေ့မြင်ရအုန်းမှာပါ” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း လေးကေ့ကော်မြို့သစ်အနီး KNLA ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၉) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ဆုတ်ခွာသွားတာကြောင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

NUG ဂုဏ်သိက္ခာကျဆင်းအောင် ရည်ရွယ် လုပ်ဆောင်မှုများ ရှိနေပြီး တော်လှန်ပြည်သူများ သတိပြုကြရန် လွတ်လပ်သော CDM အင်အားစု တိုက်တွန်း

တော်လှန်ရေးအစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုတွေ ရှိနေတဲ့အတွက် တော်လှန်ပြည်သူတွေ အသိ၊ သတိနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ လွတ်လပ်သော CDM အင်အားစု (Independent CDM Alliance – ICA) က ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
Read More

အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်ရတော့မည့် အချိန်ရောက်ပြီဟု အဖွဲ့အသီးသီးနှင့် ခေါင်းဆောင်များ လက်ခံကြောင်း ဒေါက်တာဇော်ဝေစိုး ပြော

လက်ရှိအချိန်ဟာ အားလုံးပေါင်းစည်းပြီး တပြိုင်နက်တည်း တော်လှန်တိုက်ပွဲဝင်ရတော့မယ့်အချိန် ဖြစ်တယ်လို့ အဖွဲ့အစည်းအသီးသီးနဲ့ ခေါင်းဆောင်တွေကို ပြောဆိုခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးလာပါတယ်။
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျောက်ကြီးမှာ နောက်တန်းပြန်ဆင်းတဲ့ အင်အားရာချီ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အယောက် ၃၀ ကျော် သေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အင်အားရာနဲ့ချီတဲ့ နောက်တန်းပြန်ဆင်း စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိခိုက်မှုနဲ့ သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ရိုးမ (၂) စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူမှာ DKBA နဲ့ NMSP တို့ အခြေအနေ တင်းမာနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။